မိန်းကလေးပရိတ်သတ်တွေရဲ့ ရင်ထဲကိုနေရာယူပြီးသားဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ လက်ရှိမှာ ပွဲတက်၊ ရုပ်ရှင်တွေရိုက်နဲ့ ပရိတ်သတ်အတွက်ကြိုးစားလျက်ရှိသလို တစ်ဖက်မှာလည်း ရေ ဘေးအတွက်ပရဟိတအလုပ်တွေကိုလည်းတတ်နိုင်သလောက်လုပ်ကိုင်နေသူ့ဖြစ်ပါတယ်။

မကြာသေးခင်ကပင် ကိုရီးယားသို့လည်ပတ်ကာ နှာခေါင်းခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး လက်ရှိမှာ မြန်မာပြည်ကိုပြန်လည်ရောက်ရှိကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

“ကျွန်တော့်ရုပ်က ဗမာပါဘဲ ဗျာ နှာခေါင်းက နည်းနည်းမြင့်သွားတာ့ Foreign ဘက်နည်းနည်းဆန်သွားတယ်အရင်တုန်းက ဗမာစစ်စစ်ရုပ်ပေါက်တယ် ပုံစံပြောင်းသွားတယ်လို့ထင်တယ် ပရိသတ်တွေကတော့ အရင်ပုံစံကို ပိုကြိုက်ကြတယ် လို့ပြောတယ်နှာခေါင်းလေးတစ်ခုဘဲပြောင်းလိုက်တာပါ ပြန်ချစ်ပေးပါလို့ ကိုရီးယားမှာ စိတ်ချရတယ် အဲ့ကြောင့် လုပ်ဖြစ်တာပါ နောက်ပိုင်းတော့ အသားကျသွားမှာပေါ့ခုကအယောင်လဲမကျသေးလို့ပါ နောက်ပြီးနာတာကိုက်တာလုံးဝမရှိဘူး နည်းနည်းလေးတင်းနေတယ်။ ၃လလောက်နေရင်တော့ okသွားမယ်ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။

ထွန်းကိုကိုက ခွဲစိတ်ထားတာ ၁ လတောင်မပြည့်သေးဘဲ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။အနုပညာကိုအရမ်းချစ်တဲ့ မော်ဒယ်သရုပ်ဆောင် မင်းသား ထွန်းကိုကို ရဲ့ ပြောင်းလဲလာတဲ့ ရုပ်အပေါ် ချစ်တဲ့ပရိတ်သတ်တွေက အားပေးလိုက်ကြပါဦးနော်။

Source MYANMAR Celebrity TV