
ကျော်ထက်အောင်ကတော့ Myanmar Idol ရဲ့ အစီအစဉ်တင်ဆက်မှုကနေ ပရိသတ်တွေသိရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်ကိုစတင်ခြေချခဲ့တာပဲဖြစ်ပါတယ်။Myanmar Idol ရဲ့ ပင်တိုင် အစီအစဉ်တင်ဆက်သူဖြစ်ပြီး သူရဲ့အစီအစဉ်တင်ဆက်မှုတွေကို ပရိသတ်တွေနှစ်သက်သဘောကျခဲ့တာပဲဖြစ်ပါတယ်။


သူအနေနဲ့ကတော့ အနုပညာလျှောက်လှမ်းပေါ်မှာဆိုရင်တော့ အခြေချကာ ထဲထဲဝင်ဝင်ရောက်ရှိနေဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေထဲမှာလဲပါဝင်သရုပ်ဆောင်ထားကာ သူပါဝင်အားဖြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။

အခုအခါမှာတော့ နောက်ထပ်ခြေလှမ်းအသစ်အနေနဲ့ ဂီတအနုပညာပိုင်း ကိုလဲထပ်တိုးဝင်ရောက် ခဲ့ပါတယ်။နှစ်ကိုယ်တူ အမြဲ သီချင်းလေးကတော့ ဖြိုးဖြိုးခိုင်နဲ့ အတူတူ သီဆိုထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး နားထောင်လိုက်တဲ့ သူအဖို့ မင်္ဂလာတောင်ဆောင်ချင်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်လောက်အောင် ဖန်တီးလုပ်ယူတီးခက်ထားတာပဲဖြစ်ပါတယ်။

Photo Source; Kyaw Htet Aung