Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက်မေမြို့ကိုရောက်ရှိနေတဲ့ သက်မွန်မြင့် – Myanmar Hot News
30th May 2023

Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက်မေမြို့ကိုရောက်ရှိနေတဲ့ သက်မွန်မြင့်

ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာလောကရဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေနဲ့လက်လှမ်းဝေးသွားတယ်ဆိုတာမရှိအောင် ကြိုးစားပြီးသူမရဲ့ အနုပညာတွေကိုချပြနေတာပဲဖြစ်ပါတယ်။

Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက် မေမြို့ကိုရောက်ရှိနေတာဖြစ်ပြီး ထိုဇာတ်ကားကြီးထဲမှာတော့ဖွေးဖွေးရဲ့အစ်မနေရာကနေ သရုပ်ဆောင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကို‌တော့ အကောင်းဆုံးရိုက်ချက်များနဲ့ စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

မေမြို့မှာရိုက်ကူးထားတဲ့သူမရဲ့ပုံရိပ်ကလေးတွေကတော့ ကိုယ်ပိုင်မိသားစုပိုင်ဆိုင်ထားတဲ့မိခင်နဲ့မတူဘဲ ငယ်ရွယ်နုပျိုပြီးလှပနေတာပဲဖြစ်ပါတယ်။သူမရဲ့ဝတ်ဆင်ထားတဲ့အဝါရောင်ဝတ်စုံလေးနဲ့လိုက်ဖက်မှု နေကြာ‌ပန်းလေးရဲ့ လှပမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြင်သူတိုင်းငေးရမှာပဲဖြစ်ပါတယ်။

Photo Source;They Mom Myint

Leave a Reply

Your email address will not be published. Required fields are marked *