
ကလေးသရုပ်ဆောင်ဘ၀မှာ ပီပြင်လွန်းပြီး သရုပ်ကောင်းလွန်းလို့ လူကြီးလူငယ်မရွေးကြိုက်ခဲ့တဲ့ အီစီကွေးကိုတော့ အားလုံးပဲ ချစ်ခင်အားပေးမယ်ထင်ပါတယ်နော်။

လက်ရှိအချိန်မှာ ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပိုင်းတွင်သာမက သီချင်းသီဆိုတဲ့အပိုင်းကိုပါ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်နေပါပြီ။ဒါအပြင် ပရဟိတပိုင်းမှာ အမြဲလိုလို အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စိတ်သဘောထားလည်းပြည့်ဝတဲ့ လူငယ်တစ်ယောက်အဖြစ်နဲ့ ပရိတ်သတ်တွေ ပိုမိုချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ပါ

ယခုလက်ရှိမှာတော့ အီစီကွေးဟာ ရိုးမပေါ်ကမျက်ရည် ရုပ်ရှင်ကားကြီးရဲ့ အထူးပြပွဲအတွက် ဗီဒီယိုတစ်ခု ဖန်တီးခဲ့ပြီး ၁၉၈၀ခုနှစ် ၀န်းကျင်က ဖက်ရှင်အမိုက်စားနဲ့ ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ဖက်ရှင်နဲ့ပုံရိပ်လေးတွေကိုလည်း မိန်းကလေးပရိတ်သတ်တွေ အချစ်ပိုစေမဲ့ စာသားလေးနဲ့ ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးခဲ့ပါသေးတယ်။

Wunna
Sorece,Ei Si Kway