
ရာစုနှစ်တစ်ခုတိုင်အောင် အောင်မြင်ခဲ့ပြီး အနုပညာအလုပ်တွေကိုရပ်နားထားသော်လည်း ပရိသတ်တွေချစ်ခင် နေဆဲဖြစ်တဲ့ ဟိန်းဝေယံကတော့ ကိုဖိုးသာနှင့်မချစ်စနိုးဦးတို့ရဲ့ မင်္ဂလာ ညစာစားပွဲကိုတက်ရောက်ခဲ့ပါတယ်။ထိုပွဲလေးကိုတက်ရောက်ခဲ့တာကတော့ သူတစ်ဦးထဲမဟုတ်ဘဲ သူရဲ့ ညီမနဲ့အတူတူ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

မောင်နှမနှစ်ဦးရဲ့ ပွဲလေးကိုတက်ရောက်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေကတော့ တည်ငြိမ်းအေးချမ်းတဲ့ ပုံစံလေးကို ဖော်ဆောင်နေပါတယ်။ဒေါင်းမျိုးလို့ခေါ်ရလောက်အောင် အသက်အရွယ်၇င့်ကျက်လာလေ အေးဆေးတည်ငြိမ်းပြီး ခန့်ညားလာတဲ့ပုံစံလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲဖြစ်ခဲ့ပြီး အခုအခါမှာလဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားဆဲဖြစ်ပါတယ်။သူရဲ့ညီမလေးကလဲ ချစ်ဖို့ကောင်းပြီး မိန်းကလေးဆန်တဲ့ ပုံစံလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ပွဲတက်ဖက်ရှင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကိုမျှဝေပေးလိုက်ပါတယ်။


Photo Source; Heinn Wai Yan