
Sinon Loresca ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ LGBT လောကရဲ့ အောင်မြင်ကျော်ကြားမှု အရရှိဆုံးလို့လဲခေါ်ဆိုလို့ရပါတယ်။သူကတော့လောလောဆယ်မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး အကူအညီမဲ့နေတဲ့သူများကို တက်နိုင်တဲ့ ဘက် ကနေ အကူအညီ ပေးနေတာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေကပါမက တခြားနိုင်ငံက ပရိသတ်တွေပါ သဘောကျနေကြတာပဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ရက်နေ့ကတော့ သူ့ရဲ့၃၁နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး တစ်ယောက်ထဲဖြတ်သန်းကာ ကိတ်သေးသေးလေးနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မျက်ရည်များနဲ့အတူတူ ကုန်ဆုံးစေခဲ့ပါတယ်။သူမွေးနေ့လေးမှာတော့ သူ့ရဲ့ငယ်ဘ၀ပုံရိပ်ကလေးတွေကို မျှဝေခဲ့ပြီး ဘ၀ရဲ့ အတိတ်ဆီကိုပြန်လည်သွားခဲ့ပါတယ်။

မွေးနေ့ရဲ့နောက်တစ်နေ့မှာတော့ ရွှေတိဂုံ ဘုရားပေါ်တွင်ပန်း ရေချမ်းများလှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။သူအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ရှိပြီး လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီးကိုလဲ ပါဝင်ရိုက်ကူးအားဖြည့် တော့မှာပဲဖြစ်ပါတယ်။


Photo Source; Sinon Loresca