Cele News

ရမည်းသင်းမှာ Oasix တို့နဲ့အတူတူဖျော်ဖြေရေးတွေပြုလုပ်နေတဲ့ ပိုပို

ပိုပိုကတော့အနုပညာကိုအလေးအနက်ထားပြီး အနုပညာသာလျှင်ဘဝလို့ခံယူထားတဲ့ အနုပညာရှင်တစ်ဦးပါ။ပိုပိုကတော့ သူမရဲ့ဥပဒေစာမေးပွဲကိုဖြေဆိုနေရသော်လည်း စာမေးပွဲနှစ်ရက်နားတဲ့အချိန်မှာတော့နယ်မှာသီချင်းသနားရောက်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။

စားမေးပွဲရှိသော်လည်းရတဲ့အချိန်လေးမှာပဲ ပရိသတ်‌တွေအတွက်နယ်ဘက်ဆင်းပြီး သွားရောက်ဖျော်ဖြေနေတဲ့ပိုပိုလေးကတော့ တနေ့တခြားပိုမိုချစ်စရာကောင်းလာပြီး ကလေးဆန်ဆန်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ထိုပွဲလေးမှာတော့ Oasix , Y Zet တို့နဲ့အတူတူဖျော်ဖြေခဲ့တာဖြစ်ပြီး သူတို့ရဲ့ပုံရိပ်ကလေးတွေနဲ့ ရမည်းသင်းကပရိသတ်တွေပျော်ရွှင်ကြည်နူးစွာအားပေးခဲ့ရတဲ့ပုံတွေကို ပရိသတ်တွေမြင်တွေ့နိုင်ဖို့အတွက်မျှဝေပေးလိုက်ပါတယ်။

Photo Source; ပိုပို

Leave a Reply

Your email address will not be published. Required fields are marked *