Cele News

“တစစ်တမက်ကိုယ်နဲ့သက်ကို” ဇာတ်ကားကြီးအတွက် လိုချင်တဲ့ပုံစံရအောင် ဝိတ်ချခဲ့ရတယ်ဆိုတဲ့ တိုင်ရွန်း

တစစ်တမက်ကိုယ်နဲ့သက်ကိုရုပ်ရှင်ဇာတ်ကားကြီးကတော့ စစ်ကားကြီးတကားဖြစ်သလို ပါဝင်အားဖြည့်ထားတဲ့သရုပ်ဆောင်များကလဲ အများကြီးဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေပါမက သရုပ်ဆောင်အသစ်တွေကိုပါလက်တွဲကာအားဖြည့်ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သတင်းထောက် မောင်ဖေခင် ဇာတ်ကောင်နေရာကနေတွေ့မြင်ရမယ့်သူကတော့ တိုင်ရွန်ပဲဖြစ်ပါတယ်။ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ဖို့အတွက်ပိုမိုပြီပြင်အောင် လက်ရှိခန္ဓာကိုယ်ထက်ပိုမိုကျစ်လစ်ပြီး သေးသွယ်အောင်ဝိတ်‌ချခဲ့ရပါတယ်။

တိုင်ရွန်ကတော့အရင်ထဲက သရုပ်ဆောင်နယ်ပယ်လောကထဲကိုမော်ဒယ်လောက ကနေဝင်ရောက်လာတာဖြစ်ပြီး သရုပ်ဆောင်လုပ်ငန်းဘက်ကော မော်ဒယ်လုပ်ငန်းဘက်ကိုပါ အကောင်းဆုံးကြိုးစား ချပြနိုင်တဲ့သူလဲဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာလဲထွက်ရှိလာတဲ့အခါဘယ်လို သရုပ်ဆောင်ချက်တွေနဲ့တွေ့မြင်ရမလဲဆိုတာ‌ မျှော်လင့်စောင့်စားနေရမှာပဲဖြစ်ပါတယ်။

Photo Source;Tyron Bejay

Leave a Reply

Your email address will not be published. Required fields are marked *