မကြာခင်​ပြသေ​တာ့ ​နွေလယ်​ညရဲ့လမင်းဇာတ်​လမ်း​တွဲရဲ့ ကာရိုက်​တာနဲ့ ပတ်​သတ်​ပြီး အမှတ်​တရ​တွေ ​ပြန်​လည်​မျှ​ဝေခဲ့တဲ့ ခြူး​လေး – Myanmar Hot News
1st June 2023

မကြာခင်​ပြသေ​တာ့ ​နွေလယ်​ညရဲ့လမင်းဇာတ်​လမ်း​တွဲရဲ့ ကာရိုက်​တာနဲ့ ပတ်​သတ်​ပြီး အမှတ်​တရ​တွေ ​ပြန်​လည်​မျှ​ဝေခဲ့တဲ့ ခြူး​လေး

ခြူး​လေးက​တော့ Mrtv4ရုပ်​သံဇာတ်​လမ်းတွဲ​တွေမှတစ်​ဆင့်​ အနုပညာ​လောကထဲကို စတင်​၀င်​​ရောက်​လာတဲ့ မင်းသမီး​​ချော​လေးတစ်​လက်​ဖြစ်​ပါတယ်​။သူမရဲ့ Tiktok ​ဗီဒီယို​လေး​တွေမှတစ်​တင့်​ ပရိတ်​သတ်​​တွေရဲ့ ချစ်​ခင်​အ​ပေးမှုကို ပိုမိုရရှိလာခဲ့ပြီ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေနဲ့ ​ကြော်​ငြာများပါ ရိုက်​ကူး​နေသည်​အထိ ​အောင်​မြင်​များစွာရရှိ​နေတဲ့ မင်း​သမီး​လေးတစ်​လက်​ပါ။

လက်​ရှိသူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ​”​နွေလယ်​ညရဲ့လမင်း”ဇာတ်​လမ်းတွဲရဲ့အမှတ်​တရ​တွေကိုသူမရဲ့ လူမှုကွန်​ရက်​မှာမျှ​ဝေလာတာ​တွေ့ရပါတယ်​။

သူမက”

ဒီဇာတ်လမ်းတွဲ စရိုက်ကတည်းက ကိုယ်ကြားထားတာက
မမခြူး က ခပ်ဆိုးဆိုး ကာရိုက်တာပေါ့…
ဇာတ်ကောင်က စိုးစန္ဒာ ဆိုတဲ့ မိန်းကလေး…
သူက ဗီလိန်ဇာတ်လေ အရမ်းတာဝန်ကြီးတယ်…
လူမုန်းများမယ့် ကာရိုက်တာအရ မျက်လုံးကစားတာကအစ
ကြည့်ရသူမုန်းဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရမယ့်ဇာတ်…
ကိုယ်တွေကတော့ စာအုပ်ဖတ်ရင်း စိုးစန္ဒာ ကို
ပါးတွေချည်း ၁၀ချက်လောက် ဆင့်ရိုက်ချင်နေတာ…
ဒီလောက်မာယာများရသလားဆိုပီး…

မောင်နွေဦး စိုးကို ချစ်မိတာ ကလည်း
စိုး ရဲ့ ဒီမျက်လုံးတွေက ဖမ်းစားတာပဲ…
မောင်နွေဦး ရဲ့ အမုန်းတွေကို ရက်ရက်စက်စက် ခံရပီး
သူ့မာန သူ့အတ္တတွေကြောင့် ဒီမျက်ဝန်းတွေနဲ့ပဲ
လှည့်စားခဲ့တဲ့ စိုးစန္ဒာ…

မောင်နွေဦး နဲ့ စိုးစန္ဒာ ပတ်သတ်မှု
ကျော်စွာမိုး နဲ့ စိုးစန္ဒာ ပတ်သတ်မှု တွေကြား
ဇာတ်အလှည့်အပြောင်း မှာ သူမ လောဘနဲ့ အချစ်ကြား
ဖြူစင်တဲ့ မျက်ဝန်း နဲ့ ကောက်ကျစ်တဲ့ မျက်ဝန်း ကို
ဘယ်လိုချိတ်ဆက်ပီး သရုပ်ဆောင်သွားမလဲ?

စိုးစန္ဒာ နဲ့ မဖူးဝေ အဆုံခန်းလေးတွေမှာ သူမက အိမ်ကြီးရှင် သူမက အာဏာရှင် ဆိုပီး ပါဝါတွေပြတဲ့စိုး
ဖူးဝေ အပေါ် မနာလို ဝန်တိုမှု တွေ နဲ့ သူမ ဘယ်လိုတွေ
ပညာပြမလဲဆိုတာလဲ ရင်ခုန်စရာ ပါပဲ…

အတ္တ မာနတွေ နဲ့ ငွေကိုမက် တဲ့ စိုးစန္ဒာ…
နှလုံးသားကို အလိုလိုက် လို့ ငယ်ချစ်အတွက်
သူ့ဘဝမှ ရေလိုက်မှားတဲ့ ငါးတစ်ကောင်လိုဖြစ်နေမိတဲ့
အခိုက်အတန့် …

ကိုယ့်အမှားကိုယ်သိပီး အမှန်ပြင်တဲ့အထဲမှာ စိုးစန္ဒာဆိုတဲ့
မိန်းမ မပါခဲ့ဘူး…
အမှန်တရားကို မျက်ကွယ်ပြုပီး လောဘနဲ့ လက်စားချေချင်
စိတ်ကို လက်ကိုင်ထားလို့ တစ်စတစ်စ နဲ့ အမှားဆိုတဲ့
ပြင်မရတဲ့ ဒုက္ခတွင်းထဲကို ရောက်မှန်းမသိ ရောင်သွားတဲ့
အခိုက်အတန့် စိုးစန္ဒာတစ်ယောက် နောင်တတွေနဲ့
မောင့်အပေါ် သစ္စာရှိရှိ ဆက်ချစ်သွားနိုင်မလား?

စိုးစန္ဒာဆိုတဲ့ ဇာတ်ကောင်အတွက် အရမ်းတာဝန်ကြီး တဲ့ ခြူး…
စိုးစန္ဒာ ကို ကြည့်မိသူပရိတ်သတ်တွေအဖို့ သူ့တာဝန်က
ရယ်လည်း မုန်း…ငိုလည်း မုန်း …ဖြစ်ကိုဖြစ်ရမယ်…
စိုး ဆိုတာ တကယ်ရက်စက်တဲ့ ဗီလိန်မကြီး…
သူ့ကိုသနားငဲ့ညှာဖို့မပြောနဲ့ ဂရုဏာသက်တဲ့ အကြည့်နဲ့
ကြည့်ပေးလို့မရအောင် ရက်ရက်စက်စက် အမုန်းခံမယ့်
စိုးစန္ဒာအဖြစ် အသက်သွင်းနိုင်မယ်လို့100%ယုံကြည်တယ်
လှပသလောက်မာနကြီးပြီး လောဘကြီးကာသစ္စာမဲ့သူ

❝ စိုးစန္ဒာ❞ အဖြစ် ❝ ခြူးလေး ❞Chue Chue”ဆိုပြီး ပရိတ်​သတ်​​တွေအတွက်​ ကာရိုက်​တာနဲ့ပတ်​သတ်​ပြီး​လည်း ​ဖော်​ပြ​ပေးခဲ့ပါ​သေးတယ်​။

Wunna
Source,Chue Chue

Leave a Reply

Your email address will not be published. Required fields are marked *