
ပြည်သူချစ်တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ တစ်ချိန်က နာမည်ကြီး အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ။ ကြော်ငြာမင်းသမီးလေးလို့လည်းပရိတ်သတ်တွေက ချစ်စနိုးခေါ်ကြပါသေးတယ်။

ယခုနောက်ပိုင်းမှာမှ ပရိတ်သတ်ရှေ့ ထပ်မံရောက်ရှိလာခဲ့ပြီး ယနေ့တိုင်အားပေးတဲ့ သူမရဲ့ ပရိတ်သတ်တွေလည်း ရှိဆဲပါ။အနုပညာ အလုပ်တွေကိုအရင်လိုပြန်လုပ်ကိုင်နေတဲ့ ထက်ထက်ဟာ ယခုမှာ ခွဲခန်းထပ်ဝင်ရမယ့် အလားအလာတွေရှိနေပါတယ်။
ထက်ထက်က မကြာသေးခင်အချိန်ကမှာ ရောဂါတစ်ခုကြောင့် ခွဲစိပ်ခဲ့ရတာ ပရိတ်သတ်တွေသိမှာပါ။ အခုတစ်ခါမှာလည်း နောက်ထက်အကြိတ်တစ်ခုထပ်တွေ့ကာ ခွဲစိပ်ရမှာကို တွေးဖူနေရပါတယ်။

“ဘန်ကောက်မှာ လည်ပင်းခွဲထားတာခု
ဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့မခွဲစိပ်ပဲပျောက်ရင်ကောင်းမှာဆုတောင်းမိပါတယ်ခဏခဏ
ခွဲစိပ်ခန်းထဲဝင်ပီးနှလုံးခွဲလိုက်လည်ပင်းခွဲလိုက်
ဗိုက်ကခဏခဏခွဲလိုက်နဲ့ဘာမှမလုပ်ချင်အောင်စိတ်ညစ်မိပါတယ်။ဒီတခါတော့မခွဲစိပ်ချင်တော့တာအမှန်ပါဆေးသောက်ပီးပျောက်ရပါစေဆုတောင်းနေမယ်Mandalar Hospital ကိုလဲကျေးဇူးများကြီးတင်ပါတယ်ရှင်” ဟုဆိုကာထက်ထက်က သူမရဲ့ ကျန်းမာရေးအခြေအနေကိုပရိတ်သတ်တွေကိုအသိပေးထားပါတယ်။

ပြည်သူချစ်တဲ့မင်းသမီးကြီး ထက်ထက် မခွဲစိပ်ရဘဲ အမြန်ကျန်းမာလာပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Source htet htet moe oo