ရောသမ‌မွှေရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အမြင်မတူတဲ့ဇာတ်ရုပ်မျိုးနဲ့တွေ့မြင်ရအုန်းမယ့် ရဲရင်အောင် – Myanmar Hot News
1st June 2023

ရောသမ‌မွှေရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အမြင်မတူတဲ့ဇာတ်ရုပ်မျိုးနဲ့တွေ့မြင်ရအုန်းမယ့် ရဲရင်အောင်

ရဲရင့်အောင်လို့အနုပညာနာမည်ကြားတာနဲ့သူ့ရဲ့ထွက်ရှိထားတဲ့သီချင်းတွေနဲ့ပဲတွေ့မြင်မိမှာပဲဖြစ်ပြီး သရုပ်ဆောင်လောကပိုင်းကိုတော့ဝင်ရောက်လာတာမကြာသေးတာ‌ကြောင့် ဇာတ်ကား‌တွေနဲ့တွဲမြင်မိမှာမဟုတ်ပါဘူး ။သို့သော် သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ပီပြင်လှတာကြောင့်သရုပ်ဆောင်ပိုင်းမှာလဲ ပရိသတ်တွေကြိုက်နှစ်သက်ကြပါတယ်။

သူရဲ့ဒုတိယမြှောက်ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ရောသမမွှေဇာတ်ကားကြီးကတော့ မကြာခင်ရိုက်ကူးရမှာဖြစ်ပြီး ပထမဦးဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားရဲ့ဇာတ်ရုပ်နဲ့ ဒုတိယရိုက်ကူးတဲ့ဇာတ်ရုပ်မှာတော့ သိသိသာသာကွဲပြားနေပြီး အသွင်မတူမှုတွေကိုတွေ့ရမှာပါ။

ထိုဇာတ်ကားကြီးထဲမှာ ပထမဇာတ်ကားကြီးဖြစ်တဲ့ ငါကိုနမ်းတဲ့မုန်တိုင်း ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲက သရုပ်ဆောင်မောင်နှမတွေလဲပါတာကြောင့် ပထမကားကြီးကိုကြည့်ရှုထားတဲ့ ပရိသတ်ကြီးကတော့ အခုကားမှာလုံးဝကိုကွဲပြားနေတဲ့ ဇာတ်ကောင် ကာရိုက်တာတွေကိုတွေ့မြင်ရမှာဖြစ်တာကြောင့် တမူထူးခြားတဲ့ရသကိုခံစားရမှာပါ။

Photo Source; Myanmar loadTv

Leave a Reply

Your email address will not be published. Required fields are marked *