
တစ်ချိန်က မြန်မာဗီဒီယို ဇာတ်ကားတွေမှာ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်ကြား အားပေးမှုအခိုင်အမာရရှိထားသူဘဲဖြစ်ပါတယ်။လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်လျက်ရှိပြီး ဘဝကို တစ်က ပြန်စကာကြိုးစားလျက်ရှိပါတယ်။
သူပါဝင်ထားတဲ့” သုံးယောက်ပေါင်းလောင်းကျော်” ဇာတ်ကားဟာလည်း ပြီးခဲ့တဲ့၂၄ ရက်နေ့တွင် ရုံတင်ပြသခဲ့ပြီး ပရိတ်သတ်တွေ ရဲ့ အားပေးမှုရရှိခဲ့ပါသေးတယ်။


သူတို့သားအဖနှစ်ယောက်ဟာ ပွဲတွေလည်း တူတူတက်ကာ နှစ်ယောက်အရင်ကထက် ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်ဟုပရိတ်သတ်တွေကိုပြောပြထားပါတယ်။ ဖခင်ဖြစ်သူအောင်ရင်ဟာ သားကို အရမ်းဂရုစိုက်တဲ့ဖခင်တစ်ယောက်လို့ဆိုရမှာပါ။

အခုလည်း သားဖြစ်သူတရားစခန်းဝင်မှာကို မနက်အစောကြီးထဲက လေဆိပ်လိုက်ပို့ပေးဖြစ်တာကို “မနက်အစောကြီး သားကိုလေဆိပ်လိုက်ပို့ပေးတယ်၊ မေမြို့ဥိးဂိုအင်ဂါမှာ(၁၀)ရက် တရားစခန်းဝင်မှာပါ၊ တရားထူးတရားမြတ်များ ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေ သားရေ” ဆိုပြီး သူ့ရဲ့fbမှာ ရေးထားခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်တွေအတွက် မိုးအောင်ရင်တို့ သားအဖပုံလေးတွေကိုတင်ပေးလိုက်ပါတယ်။

Source aung yin