
ပိုပိုဆိုတာနဲ့ ဂီတမှာ ပါရမီထူးပြီး ကိုယ်ပိုင်သံစဉ်တွေကိုအတွေးကောင်းကောင်းနဲ့ ရေးဖွဲ့ သီကုံးနိုင်သူဆိုတာသိကြမှာပါ။တစ်ကိုယ်တော်အခွေများစွာ ထွက်ထားပြီး သူမရဲ့ ” ချစ်ဖူးခဲ့သမျှ”အခွေလေးဟာလည်း ယနေ့တိုင်ပရိတ်သတ်တွေရဲ့ ကြားမှာ လွင့်ပျံ့ဆဲပါ။


ပိုပိုကမကြာခင်ကျရောက်တော့မယ့် ဒီဇင်ဘာလ မှာ တစ်ကိုယ်တော် showပွဲလုပ်တော့မှာဖြစ်ပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးပြင်ဆင်ပေးထားတယ်ဟုသိရပါတယ်။ယခုအချိန်ဟာစာမေးပွဲကာလလည်း ဖြစ်ပြီး ပိုပိုတစ်ယောက် သူရဲ့ အချိန်တွေကိုသေချာစီမံပြီး ပညာရေးနဲ့ အနုပညာ ဘက်ကိုမျှအောင်လုပ်နေရပါတယ်။

ဒီနေ့မှာတော့ပိုပိုရဲ့ စာမေးပွဲ ၅ရက်မြာက်လေးလေးဖြစ်ပြီး သူ့ရဲ့ စာဖြေခန်းထဲက အဖြစ်အပျက်တွေကိုပြောပြလာပါတယ်” နှစ်ပုဒ်တိုးတယ် အမှန်က သုံးပုဒ်ဖြေရမှာ ဆရာမပေးတာပါတယ် ကိုယ်ကမေ့သွားတာ ခေါင်းထဲမှာစီးပွားရေးကိစ္စတွေကများနေတာ စာမမှတ်နိုင်တော့ဘူး အသက်လည်း ၃၀ နားကပ်နေပြီ ပို စဉ်းစားတယ် ဒီနှစ်မအောင်လည်း နောက်နှစ်ဆက်တက်မယ် ဘွဲ့တော့ရအောင်ယူမယ် ပျော်စရာကောင်းပါတယ် တက်ရတာ ကန်တင်းထိုင်ရတာလည်းကြိုက်တယ် အားလုံးကလည်း ခင်ခင်မင်မင်နဲ့ ချစ်ဖို့ကောင်းတယ်” ဟုပြောသွားပါတယ်။
ပိုပိုကတော့ မလျော့သောဇွဲနဲ့ ဘွဲ့တစ်ခုကိုရအောင်ယူမယ်လို့ကြိမ်းဝါးခဲ့တာပါ။ပိုပိုရဲ့ ပရိတ်သတ်တွေလည်း ပိုပိုတစ်ယောက် စာမေးပွဲအောင်ဖို့ဆုတောင်းပေးလိုက်ပါဦး။

Source Myanmar cele