
စိုးပြည့်သဇင် လေးကတော့ ချစ်ဖို့ကောင်းပြီး အနုပညာအလုပ်တွေကို အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကိုရရှိထားပြီး အကယ်ဒမီဆုကြီးကိုလဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာ အနုပညာမျိုးရိုးရှိသော်လည်း သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာကြယ်ပွင့်တစ်ပွင့်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။


အနုပညာဘက်မှာ ကြိုးစားအောင်မြင်ရုံသာမက ပညာရေးဘက်မှာလဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာဖြစ်တာကြောင့် နိုဝင်ဘာလ ၇ရက်နေ့မှာတော့ သူမရဲ့ ဘ၀မှတ်တိုင် တစ်ခုဖြစ်တဲ့ ပညာရေးမှတ်တိုင်ကိုစိုက်ထူနိုင်တဲ့နေ့လေးတစ်ရက်ဖြစ်ပါတယ်။ထိုနေ့လေးကတော့ ဘွဲ့ယူရမယ့်နေ့လေးဖြစ်တာကြောင့် ကြည်နူးပီတိဖြစ်နေရပြီး နိုဝင်ဘာလ ၆ရက်နေ့ကတော့ Rehearsal နေ့လေးပဲဖြစ်ပါတယ်။

မြန်မာကျောင်းသူလေးသူမကတော့ ဘွဲ့ယူရတော့မှာဖြစ်ပြီး Rehearsal နေ့မှာတော့ မြန်မာဆန်ဆန်လေးနဲ့ မြန်မာမိန်းမပျိုလေးကိုတစ်ဦးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူမရဲ့ ၀တ်ဆင်ထားတဲ့ ၀တ်စုံလေးကတော့ အမြင်ရိုးရှင်းပေမယ့်လဲ သူမ၀တ်ဆင်လိုက်တဲ့အခါမှာတော့ သေသပ်လှပပြီးချစ်ဖို့ကောင်းတဲ့ပုံစံလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Photo Source ;Soe Pyae Thazin