Cele News

ကြေးစားဖိုက်တာမလေးအဖြစ် အမြင်မတူမှုတွေနဲ့တွေ့မြင်ရအုန်းမယ့် ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ အသက်ငယ်ငယ်လေးထဲက အခုအရွယ်ထိ အနုပညာလောကထဲမှာ သရုပ်ဆောင်လုပ်ငန်းများနဲ့ အနုပညာကြယ်ပွင့်တစ်ပွင့်အဖြစ်ရပ်တည်နေတာဖြစ်ပြီး သူမကို ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ပဲတွေ့မြင်ခဲ့ရမှာဖြစ်ပြီး အခုအခါမှာတော့ ကြေးစားဖိုက်တာမလေးအသွင်ဖြင့် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုရဲ့သရုပ်ဆောင်ကောင်းတဲ့အပြုအမူတွေကြောင့် သူမရဲ့ဇာတ်ကားကြီးတွေကိုကြည့်ရှုပြီးတဲ့အခါမှာတော့ ကြည့်ရှုမိတဲ့ပရိသတ်တွေရဲ့ရင်ထဲမှာခံစားချက်တခုခုကိုရရှိပြီး ကျန်ရစ်နေခဲ့မှာပဲဖြစ်ပါတယ်။အခုအခါမှာတော့ ဗိုလ်နေတိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိတ်သတ်တွေ မျှော်လင့်မထားတဲ့ပုံစံမျိုးနဲ့တွေ့မြင်ရမြင်ရမှာပဲဖြစ်ပါတယ်။

ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၂၁ရက်နေ့ (အမျိုးသား) နေ့မှာရုံတင်ပြသမှာဖြစ်တာကြောင့် ထိုကားထဲမှာပါဝင်အားဖြည့်ထားတဲ့ ပိုင်ဖြိုးသုရဲ့ အကြမ်းစားသရုပ်ဆောင်မှုတွေနဲ့အတူတူ ကြေးစားဖိုက်တာ ဇာတ်ရုပ်ကိုတွေ့မြင်ရမှာဖြစ်တာကြောင့် သူမရဲ့သရုပ်ဆောင်ချက်တွေ ကွဲပြားမှုတွေကိုတွေ့မြင်နိုင်အောင်ကြည့်ရှုခံစားနိုက်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Photo Source ; Paing Phyo Thu

Leave a Reply

Your email address will not be published. Required fields are marked *