Cele News

Single Mom အနေနဲ့အခက်အခဲအများကြီးရှိတယ်ဆိုတဲ့ မျိုးစန္ဒီကျော်

မျိုးစန္ဒီကျော်ကတော့ အနုပညာလုပ်ငန်းတွေကိုရပ်နားထားတာဖြစ်ပြီး နွေးထွေးတဲ့မိသားစုဖြစ်အောင် Single Mom တစ်ယောက်အနေနဲ့အကောင်းဆုံးတည်ဆောက်နေတာပဲဖြစ်ပါတယ်။သမီးလေးကလဲ အရမ်းငယ်သေးတာကြောင့် စိတ်ဒါဏ်ရာ ရမှာဆိုးတာတော့ အရာရာဖြည့်ဆည်းပေးပြီး အကောင်းဆုံးပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။

သမီးလေးကတော့ အသက်အရမ်းငယ်ပေမယ့်သိတက်တယ်။မေမေ့ရှေ့မှာဖေ့ဖေ့အကြောင်းပြောရင် မေမေ့မကြိုက်မှန်းသိလို့ဘယ်တော့မှမပြောဘူး သူပြောချင်ရင်တောင်မှ ဘွားအေနဲ့ အဒေါ်ဖြစ်သူကိုပဲပြောလေ့ရှိတယ်လို့သိရပါတယ်။သမီးလေးက တစ်အိမ်လုံးမှာဆို အားလုံး ဝိုင်းပြီး ချစ်ရတဲ့ အသည်းတုန်လေးပေါ့ ပြီးတော့ အားလုံးရဲ့ ဆရာမကြီးလို့ သမီးလေးရဲ့အကြောင်းကိုရယ်ရယ်မောမောပြောပြခဲ့ပါတယ်။

Single Mom တစ်ယောက်အနေနဲ့ ဖြတ်သန်းရတာတော့အခက်အခဲတွေအများကြီးရှိတာပေါ့ သမီးလေးကိုတော့ သူ့ဖေဖေနဲ့ တစ်ပတ်ကို ၂ရက်လောက်ပေးတွေ့ပေးတယ်။ဒီလိုအိမ်ထောင်တစ်ခုပျက်စီးသွားတယ်ဆိုတာကတော့ အရင်ကကုသိုလ်ကံမကောင်းလို့ပဲသတ်မှတ်ပါတယ်။အခုအချိန်မှာတော့ဘယ်သူ့ကိုမှ မကောင်းမပြင်ဘူး အားလုံးကို မေတ္တာတရားနဲ့ပဲဆက်ဆံတယ်လို့ ပြောပြထားပါတယ်။

Photo Source ; Myo Sandy Kyaw

Leave a Reply

Your email address will not be published. Required fields are marked *