
နေမျိုးအောင်ကတော့ အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင် ဖြစ်ပြီး နိုဝင်ဘာလ ၇ရက်နေ့ကတော့ သူရဲ့အသက်တစ်နှစ်ကြီးသွားတဲ့နေ့လေးပဲဖြစ်ပါတယ်။သာယာအေးဆေးနဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် ဦးဆောင်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။


အနုပညာလောကမှာဆိုရင် ဇာတ်ကြမ်းသရုပ်ဆောင်ပိုင်းမှာပိုင်နိုင်လှပြီး ဇာတ်ကောင်ပိုင်းမှာဆိုရင် ဘ၀သရုပ်ဖော် ဇာတ်လမ်းတွဲတွေကို ဦးစားပေးရိုက်ကူးလေ့ရှိပြီး ကြည့်ရှုသူပရိသတ်အဖို့ ခံစားချက်ရသကို နှလုံးသားထဲတွင် စူးစိုက်ကျန်ခဲ့အောင် အရောက်ပို့နိုင်တဲ့ အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

သားနှစ်ယောက်ရှိတဲ့ မိသားစုဘ၀လေးကို နွေးထွေးမှုအပြည့်ပေးပြီး သာယာလှပတဲ့ ဘ၀လေးကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်နေတဲ့သူလေးဖြစ်ကာ ထိုနေ့မှာတော့ သူ့ဘ၀ရဲ့အသက်တစ်နှစ်ကြီးသွားပြီဖြစ်တာကြောင့် အနုပညာလုပ်ငန်းတွေကို ပိုမိုကြိုးစားလုပ်ကိုင်၇င်း မိသားစုကိုလဲ ပိုမိုဂရုစိုက်သွားမယ်လို့ခံယူချက် ထားထားပါတယ်။သူရဲ့ မွေးနေ့လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့ အတူတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Source ;Nay Myo Thandar Aung