ပရိတ်သတ်တွေ တအားချစ်ရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ကတော့ အနုပညာ လောကမှာ အောင်မြင်မှု အထွတ်အထိပ်ကို ရရှိထားတဲ့ မင်းသမီးချောလေးဘဲဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေကို ရူးသွပ်သူပီပီ ယနေ့အထိ အနုပညာအလုပ်တွေကိုမနားမနေ လုပ်ကိုင်နေလျက်ရှိပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ဂျပန်မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းလေးဖြစ်တဲ့ “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားလေးဟာလည်း အောင်မြင်မှုရရှိခဲ့ပြီး ထိုင်းနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ “လိပ်ပြာစံအိမ်”ဇာတ်ကားလေးဟာလည်း ပရိတ်သတ်ကြားအတော်လေး အောင်မြင်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း မင်းသမီးလေး ဝတ်မှုန်ရွှေရည် က ကို၇ီးယားမင်းသားနဲ့”တိမ်တွေ ပေါ်ကပန်း”ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်တာတွေ့ရဦးမှာပါ။

လတ်တလော မှာတော့ ဒါ၇ိုက်တာ ပွင့်သီင်္ဂီဇော်ရိုက်ကူးမယ့်”တစ်ဦးတည်းသော ဣတ္ထိယ”ဇာတ်ကားမှာ ဟိန်းဝေယံ ၊ရွှေထူးတို့နဲ့ အတူတွဲကာ သရုပ်ဆောင်ကြဦးမှာဖြစ်ပါတယ်။
အနုပညာ အလုပ်တွေကို အချိန်ပေးပြီး ကြိုးစားနေတဲ့ ကစ်လေးရဲ့ အချစ်ရေးကို စိတ်ဝင်စားနေတဲ့ပရိတ်သတ်များလည်း ရှိပါတယ်..

ကစ်ကအပျိုကြီးလုပ်မှာလား မေးခွန်းကို “မသိသေးဘူး အဲ့တာကြိုပြောလို့မရဘူးလေ အခုတော့ တစ်ယောက်တည်း အေးအေးဆေးဆေးပါဘဲ ကစ်ရဲ့ ပရိတ်သတ်တွေနဲ့ ကစ်ကိုချစ်တဲ့ သူတွေဆီ အချစ်တွေထားထားပါတယ်”ဟုဆိုလာပါတယ်။
ပရိတ်သတ်တွေရော ကစ်ကို အတည်တကျအချစ်ရေးတစ်ခုနဲု့မြင်ချင်လား အပျိုကြီး လုပ်စေချင်လားးပြောသွားဦးနော်။

Source momolaytv