
ထွန်းအိန္ဒာဗိုလ် ကတော့ ကိုယ်ရီးယားနိုင်ငံသို့သွားရောက်ပြီး မျက်နှာခွဲစိတ်ပြုပြင်မှုကိုလုပ် ဆောင်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banobagi Plastic Surgery Clinic မှာခွဲစိတ်မှုကို ဆောင်ရွက်ပြုလုပ်ခဲ့တာဖြစ်ပြီး သူမရဲ့ ခွဲစိတ်ပြီးစီးကြောင်း ပုံလေးကိုလဲ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ သူမချစ်ပရိတ်ကြီးတွေစိတ်ပူနေမှာဆိုးလို့ မျှဝေခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ ခွဲစိတ်ထားတာကြောင့်မိတ်ကပ်လိမ်းလို့မရသေးဘဲ ရောင်နေဦးမှာဖြစ်ပြီး တစ်လကြာတဲ့အချိန်လောက်မှ မိတ်ကပ်စလိမ်းလို့ရမှာလို့လဲသိရပါတယ်။မျက်နှာခွဲစိတ်ပြုပြင်မှုအတွက် မူးရင်းမျက်နှာပုံစံကို ခြောက်လလောက်မှ သိရမှာဖြစ်ပါတယ်။တချို့ပရိသတ်တွေကလဲ ထိုသို့ခွဲစိတ်ပြုပြင်မှုအတွက်လဲစိုးရိမ်နေတာပဲဖြစ်ပါတယ်။

ထွန်းအိန္ဒာဗိုလ် ခွဲစိတ်ပြုပြင်တာကတော့ မျက်ရစ်ဖော်ခြင်း၊အသားအရောင်ပြောင်းလဲခြင်း ၊ အသားအရေပင့်တင့်ခြင်း တို့ကိုပြုလုပ်တာကြောင့် စိုးရိမ်နေတဲ့ ပရိသတ်ကြီးကိုလဲ မဆိုးရိမ်ဖို့ ပြောထားပါသေးတယ်။လက်ရှိအချိန်မှာတော့ ခွဲစိတ်မှုအပိုင်းမှာဆိုရင်တော့ မျက်ရစ်နေရာကအရောင်ဆုံးဖြစ်နေပြီး မိတ်ကပ်လည်းမလိမ်းရ မျက်နှာရဲ့ ပြောင်းလဲသွားမယ့်ပုံစံလဲ မသိရသေးတာကြောင့် စိတ်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။နောက် ခြောက်လကြာရင်တော့ ဘယ်လိုမျက်နှာပုံစံအနေအထားနဲ့တွေ့မြင်ရမလဲဆိုတာကတော့ စိတ်ဝင်စိတ်လှုပ်ရှားစရာပဲဖြစ်ပါတယ်။

Photo Source; Htun Aeindra Bo