
ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ အသံပါဝာကောင်းကောင်းနဲ့ မီးမီးခဲကို သိကြမှာပါ။ သမီးလေးနဲ့အတူ ဝါသနာပါတဲ့ သီချင်းလေးတွေကိုလုပ်ရင်း အေးချမ်းစွာနေထိုင်နေပါတယ်။
မီးမီးခဲဟာမကြာသေးခင်ကမှရင်သားကင်ဆာ အဆင့်(၄) ကို စတင်ခံစားခဲ့ရပြီး ဆေးနဲ့ ကုသထိန်းသိမ်းနေစဉ်မှာပဲ မကြာသေးမီ မှာပဲ ဦးခေါင်းခွံပေါ်က နောက်ထပ်ကင်ဆာတစ်ခု ကို ထပ်မံခံစားခဲ့ရပာတယ်။


မီးမီးခဲကတော့ လက်ရှိမှာ ညာဘက် ခြေထောက်ဟာ အင်မတန်မှ နာကျင်မှုကို ခံစားနေရတယ်လို့ဆိုပါတယ်။သူမအနေနဲ့ ကင်ဆာ နေုက်တစ်ခုဖြစ်မှာ စိတ်ပူပန်ခဲ့ရပြီး ပရိတ်သတ်တွေကိုရင်ဖွင့်ခဲ့ဖူးပါတယ်။ဒီနေ့မှာတော့ မီးမီးခဲဟာ “ဆေးစစ်ချက်အဖြေ ရရှိခဲ့ပါပြီ။မျက်ရည်ပါ ကျရလောက်အောင်ဝမ်းသာ ရပါတယ်။ခေါင်းမှာ ဖြစ်တဲ့ ကင်ဆာဆဲလ်တွေလဲ မရှိတော့သလို ခြေထောက်နာတာကလည်း ကင်ဆာ ကာကွယ်ဆေးတွေသောက်ရလို့နာတာဖြစ်ကြောင်း ဆရာဝန်ကပြောပါတယ်။

ဆက်လက်ပြီးပုံမှန်စစ်ဆေး ထိန်းချုပ်ကုသ သွားရမှာဖြစ်ပေမဲ့ အသက်ရှင်ခွင့်ရနေသေးတယ်”လို့ သူ့အတွက်စိတ်ပူနေတဲ့ ပရိသတ်တွေကို ဝမ်းသာစရာသတင်းလေးကိုပြောပြထားပါတယ်။ကျန်းမာလာရင်တော့ မီးမီးခဲ ရဲ့ သီချင်းအသစ်များကိုပရိတ်သတ်တွေ တစ်ဖန် ခံစားနားဆင်ခွင့်ရတော့မှာပါ။

Source _ The Real Mee Mee Khel-မီးမီးခဲ