” ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ ” ကို ပရိတ်​သတ်​​တွေကိုလက်​မှတ်​ဝယ်​​ပေးကာတူတူကြည့်​​ပေးမယ့်​ ​ကောင်းမြတ်​စံ – Myanmar Hot News
2nd June 2023

” ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ ” ကို ပရိတ်​သတ်​​တွေကိုလက်​မှတ်​ဝယ်​​ပေးကာတူတူကြည့်​​ပေးမယ့်​ ​ကောင်းမြတ်​စံ

မင်းသားချောလေးကောင်းမြတ်စံကတော့ The sign of love ဇာတ်​လမ်းတွဲ ဖြင့်​ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကိုရရှိထားတဲ့ မင်းသား​ခေော​လေးဖြစ်​ပါတယ်​။ပါးချိုင့်​​လေးနဲ့မို့ မိန်းက​လေး​တွေရဲ့ အသည်းကို ဖမ်းဆုပ်​နိုင်​သူ​လေးဘဲဖြစ်​ပါတယ်​။လက်ရှိမှာလည်း “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ နေလင်းသစ်ဆိုတဲ့နာမည်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းမှာတော့ ဟက်ကာတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ​သေးတယ်​။

လက်​ရှိမှာလည်း “ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ ” ဇာတ်​ကားမှာ သရုပ်​​ဆောင်​ထားပါ​သေးတယ်​။
“ရိုးမပေါ်ကကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးယင်း​ဇာတ်ကားမှာ ကောင်းမြတ်စံဟာ ကျောင်းဆရာလေးစန်းနိုင်အနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ ယင်းဇာတ်​ကား​လေးမှာ ဝါရင့်​သရုပ်​​ဆောင်​ ​တွေနဲ့အတု တွဲဖက်သရုပ်ဆောင်ထားပြီး အရမ်း​ကောင်းမယ့်​ဇာတ်​ကား​လေးဖြစ်​မှာအ​သေအချာပါဘဲ။

ဇာတ်​လမ်းတွဲ​တွေဖြင့်​ ပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့ရတာ​ကြောင့်​ ဒီကား​လေးကသူ့ရဲ့ပထမဆုံးရုံတင်ဇာတ်ကားဖြစ်တဲ့အတွက် ချစ်ရတဲ့ပရိသတ်တွေနဲ့တူတူကြည့်ဖို့ စီစဉ်ထားတဲ့အကြောင်းကို “(၉)ရက်နေ့မှာ ရန်ကုန်ကပရိသတ်တချို့နဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” အတူတူကြည့်ဖို့အစီအစဉ်ရှိတယ်။ ကျွန်တော်အားလုံးအတွက် လက်မှတ်လေးတွေဝယ်ထားမယ်။ အားအောင်လုပ်ထားဖို့က မင်းလေးတို့တာဝန်..ဆိုတော့ အချိန်နဲ့နေရာပြန်ပြောမယ်။

လောလောဆယ် ကြည့်မယ့်သူလေးတွေ messenger မှာ Groupဖွဲ့ထားပေးပါ…အတူတူကြည့်ကြမယ်နော်” ဆိုပြီး သူ့ရဲ့Fbမှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။ကောင်းမြတ်​စံရဲ့ ပရိတ်​သတ်​​တွေ ​မင်းသား​ချော​ကောင်းမြတ်​စံနဲ့အတူတူ ရုပ်​ရှင်​ကြည့်​ခွင့်​ရ​တော့မှာမို့ တကယ်​ကို ကံ​ကောင်းတဲ့ သူ​တွေပါဘဲ​နော်​။

Source_ Kaung Myat San

Leave a Reply

Your email address will not be published. Required fields are marked *