
ပရဟိတ မင်းသမီးလေး အဖြစ်နဲ့ပရိတ်သတ်တွေသိကြတဲ့ ခိုင်နှင်းဝေရဲ့ လိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်ဝင်ရောက် ကူညီတတ်သူ စိတ်သဘောထားဖြူစင်သူဆိုတာအထူးပြောစရာမလိုပါဘူးနော်။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ ကလေးတွေကို မိခင်ရင်းပမာ ပြုစု စောင့်ရှောက်နေတာဘဲဖြစ်ပါတယ်။

ဇာတ်ပို့ဇာတ်ရံ တွေကိုလည်း ထောက်ပံ့ကူညီပေးတတိပြီး အစဉ်အမြဲ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတတ်လေ့ရှိပြီး သူမရဲ့ မေတ္တာ တရားကြီးမားပုံကို ပရိတ်သတ်တွေက အသိအမှတ်ပြုကာ လေးစားရတာဘဲဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမရဲ့ အနုပညာအလုပ်တွေနဲ့ လူမှုရေးတွေမှာ ဗျာများပြီး နေမကောင်းဖြစ်ခဲ့ပါတယ်။

“မနက်ကရိုက်ကူးရေး၊ နေ့လည်ကညီမလေးတွေနဲ့ Hot pot၊ ပြီးတော့ မျက်နှာ Skin Care၊ အခု ဗိုက်တွေအရမ်းအောင့်လို့ ဆေးရုံရောက် ” ဆိုပြီး သူမရဲ့ အခြေအနေကို ပြောပြလာပါတယ်။

ပရိတ်သတ်တွေ စ်တ်သဘောထားကောင်းပြီး ကြင်နာတတ်တဲ့ ခိုင်နှင်းဝေကို ကျန်းမာပြီးအလုပ်တွေပြန်လုပ်နိုင်အောင်ဆုတောင်းပေးလိုက်ဦးနော်။

Source_ Khine hnin wai