Cele News

ညီအစ်​မ​တွေဖြစ်​​ပေမယ့်​ ရန်​သူအဖြစ်​နဲ့ “A”ဇာတ်​ကားမှာ​တွေ့ရမယ့်​ ဧငြိမ်းဖြူ နဲ့ ​စောယုနန္ဒာ

ကတ်​ဆက်​တိပ်​​ခွေဇာတ်​လမ်း​တွေကို ပြန်​လည်​ သရုပ်​​ဆောင်​ရင်​ ပရိတ်​သတ်​အခိုင်​အမာရရှိထားသူတို့ ညီအစ်​မနှစ်​​ယောက်​ဟာ အခုမှာ​တော့ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာပါဝင်​ဝင်​သရုပ်​​ဆောင်​​တော့မှာဖြစ်​ပါတယ်​။အသက်​ နှစ်​နှစ်​သာ ကွာတဲ့ သူတို့ ညီအစ်​မ​တွေဟာ အလုပ်​ကိုတူတူ လုပ်​ကိုင်​​နေကြပြီး နှစ်​ဦးစလုံးဟာလည်း ပရိတ်​သတ်​အခိုင်​အမာရှိထားသူ​တွေဘဲ ဖြစ်​ပါတယ်​။

နှစ်​​ယောက်​လုံးဟာ သရုပ်​​ဆောင်​ဘက်​မှာအပြင်​ အကပိုင်းမှာပါ ပါရမီ ရှိသူဆိုတာပရိတ်​သတ်​​တွေသိကြမှာပါ။အကမှာလည်း ပါရမီရှိသူ Cover danceများစွာလည်း ကထားကာ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို ရရှိထားပါတယ်​။

ဒီ​နေ့မှာ​တော့ သူတို့ရဲ့ “A” ဇာတ်​ကား​လေးနဲ့ပတ်​သတ်​ကြီး​ပြောပြလာပါတယ်​” ကား​လေးက အကကား​လေး မြန်​မာလည်း သိပ်​မရှိဘူး အကအမျိုးအစားက​တော့ သူ့ဟာသူပါတယ်​ ​တော်​​တော်​​လေးပင်​ပန်းပြီး ၃ ​၄ နာရီ အထိမအိပ်​ဘဲ တိုက်​ထားရတာ​တွေရှိတယ်​ ညီအစ်​မနှစ်​​ယောက်​ လုံးဝမတည့်​တဲ့ သူ​တွေ အ​နေနဲ့ ​တွေ့ရမှာပါ” လို့ဆိုပါတယ်​။

“A” ဇာတ်​ကား​လေးမှာသူတို့ညီအစ်​မနှစ်​​ယောက်​အပြင်​ ရဲ​အောင်​ ​မေသင်​ဇာဦးနဲ့ အခြား အကသမားများစွာ ပါဝင်​သရုပ်​​ဆောင်​သွားမယ်​လို့သိရပါတယ်​။

Source_ MC

Leave a Reply

Your email address will not be published. Required fields are marked *