
သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အရမ်းအောင်မြင်ကျော်ကြားနေပြီး ပုရိသတွေရဲ့အချစ်တော်တစ်ဦးလဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလဲ ခြေလှမ်းမပျက်တွေ့မြင်ရပြီး မကြာခင်အချိန်မှာလဲ တိုင်ရွန်နဲ့ အတူတူ ဥရောပ ၆နိုင်ငံကို အလည်အပတ်ခရီးအနေနဲ့ သွားရောက်ဖို့၇ှိနေတာဖြစ်ပြီး ဘယ်လိုမျိုး ဖတ်ရှင်ကျကျနဲ့ တွေ့မြင်ရမလဲဆိုတာကတော့စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။


အရင်တုန်ကလဲ အာ့လိုခရီးသွားပုံစံမျိုးကမ်းလှမ်းလာတာမျိုးရှိပေမယ့်လဲ အချိန်ညှိမရတာကြောင့် လက်မခံဖြစ်ဘူး။ အခုကအချိန်လဲညှိလို့ရတယ် ပြီးတော့ တိုင်ရွန်နဲ့ကလဲ ကိုယ့်မောင်အရွယ်လောက်ပဲရှိတာဆိုရင်တော့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်ကြမယ်ပေါ့နော်။ထိုအစီအစဉ်လေးမှာတော့ ကိုယ်မရောက်ဖူးတဲ့ တခြားနိုင်ငံမှာ နိုင်ရောက်ထဲလည်ပတ်လို့ရမယ့်ပုံစံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်လို့ပြောကြားထားပါတယ်။

ထိုခရီးစဉ်နဲ့ ပက်သတ်ပြီးတော့ ထွေထွေထူးထူးပြင်ဆင်ထားတာမရှိဘဲ သွားမယ့်အချိန်ကလဲ ဆောင်းရာသီဖြစ်တာကြောင့် ထူထူထဲထဲ အ၀တ်အစားတွေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး နှစ်ယောက်အတူတိုင်ပင်ပြီးဝတ်ဖြစ်ဖို့ကတော့ အရမ်းကြီးစီစဉ်ထားတာမရှိဘူး။ ဟိုနိုင်ငံတွေရောက်မှလဲဝယ်ဝတ်လို့ရတယ်လို့လဲ ပြောကြားထားပါသေးတယ်။

Source ; MC