
ချစ်ဖို့ကောင်းပြီး အနုပညာအလုပ်ထဲကို အသက်ငယ်ရွယ်ရွယ်နဲ့ရောက်ရှိနေတဲ့ အချိန်ကနေအခုထိ အောင်မြင်နေတဲ့ စံရတီမိုးမြင့် နဲ့ တည်ငြိမ်တဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်လေး မေမြင့်မိုရ် လေးတို့ကတော့ Single life မှာ ပျော်ရွှင်နေပြီး အပူအပင်မရှာချင်တော့လို့ ချစ်သူရည်စားမထားတော့ဘူးလို့ဆိုပါတယ်။


မတည်မြဲတဲ့လောကကြီးထဲမှာ ချစ်သူရည်စားရရင်တောင် မပြောတော့ဘူး မင်္ဂလာဆောင်မှပဲတခါထဲပြောပြလိုက်တော့မယ် အမှန်တကယ်တော့ ရည်းစားထားတယ်ဆိုတာ စမ်းကျတယ် ကိုယ်အတွက်တင်မကဘူး သူ့အတွက်ပါလိုက်စဉ်းစားပေးရတော့ ရုပ်ကျတယ် ကိုယ့်စိတ်ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ရည်းစားမထားတော့ဘူး လို့လဲနှစ်ယောက်သား တက်ညီလက်ညီပြောကြားခဲ့ပါတယ်။

ကိုယ့်ချစ်သူဖြစ်လာမယ့်သူဆိုရင်တော့ မှီလို့ရတဲ့ အကြီးပဲကြိုက်တယ် ချီရမယ့် အငယ်တွေဆိုမကြိုက်ဘူး အသက်အရွယ်သာတစ်နှစ်ပြီး တစ်နှစ်ကြီးသွားလိမ့်မယ် စိတ်ကတော့ကလေးဆန်ပြီး နုပျိုနေတာ အာ့တော့ကိုယ့်ကို ဖေးမမှီခိုနိုင်တဲ့ လူကိုပဲပိုသဘောကျတယ် အငယ်ဆိုရင်တောင်ကိုယ်ပဲဆိုးချင်တာ လို့လဲသိရပါတယ်။

Source ; MC