မတူညီတဲ့ နာဂဒီဇိုင်းနဲ့ စက်ရုပ်ဒီဇိုင်း ပေါင်းစပ်ထားတဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုနဲ့တွေ့မြင်ရမယ့် ဖြူဖြူကျော်သိန်း – Myanmar Hot News
2nd June 2023

မတူညီတဲ့ နာဂဒီဇိုင်းနဲ့ စက်ရုပ်ဒီဇိုင်း ပေါင်းစပ်ထားတဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုနဲ့တွေ့မြင်ရမယ့် ဖြူဖြူကျော်သိန်း

Myanmar Idol ရဲ့ အကဲဖြတ်ဒိုင်အဖြစ်ပါဝင် လုပ်ဆောင်နေတဲ့ ဖြူဖြူကျော်သိန်းကတော့ ဂီတအနုပညာပိုင်းမှာဆိုရင်သူမတူအောင်တမူထူးခြားတဲ့ အသံအနေအထား နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိပြီး အများနဲ့မတူညီတဲ့ ၀တ်စားဆင်ယင်မှုမတူညီများနဲ့ အတူတူ ပရိသတ်တွေကြားမှာ ပေါ်လွင်ထင်ရှားတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မြင်တွေ့ရမှာကတော့ နာဂနဲ့ စက်ရုပ်မတူညီတဲ့ ဖက်ရှင်နှစ်မျိုးကို ပေါင်းစပ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထိုသို့ဝတ်ဆင်ထားမှုအပေါ် ပရိသတ်တွေရဲံ ဝေဖန်စကားတွေရှိသော်လည်းပဲ အနုပညာရှင်ဆိုတာ သမာရိုးကျမသွားဘဲ ဆန်းသစ်တည်ထွင်မှုရှိမှ အနုပညာရှင်အစစ်ဖြစ်မယ်လို့ခံယူထားတာကြောင့် သူမအနေနဲ့ကတော့ ပြန်လည်ဖြေရှင်စရာမရှိပါဘူး။

အရင်ထဲက ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်လာလျှင် Fashion Queen လို့တောင်တင်စားရအောင် ဆန်းသစ်တည်ထွင်မှုတွေ အများကြီးပြုလုပ်ခဲ့တဲ့ သူမအနေနဲ့ကတော့ ပရိသတ်တွေကိုအမြင်မတူတဲ့ ပုံစံတွေကို တွေ့မြင်ချင်တာကြောင့် ပြုလုပ် ပြသခဲ့ပါတယ်။အခု သူမရဲ့ ထူးခြားတဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Photo Source; Phyuphyukyawthein

Leave a Reply

Your email address will not be published. Required fields are marked *