
သာယာပျော်ရွင်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ ပရိတ်သတ်အားအကျရဆုံး မိသားစုလေးဘဲဖြစ်ပါတယ်။မေမေချစ်သုဝေနဲ့ ဖေဖေလင်းလင်းတို့ရဲ့ မင်းသမီးလေးတွေ ဖြစ်တဲ့ ခေတ်နဲ့ သစ်လေးတို့ဟာ တစ်နေ့တစ်ခြား နဲ့မျက်စိရှေ့တင်ကြီးလာပါပြီနော်။

မကြာခဏ ခေတ်နဲ့သစ်လေးတို့ပုံလေးကို ပရိတ်သတ်တွေအတွက်တင်ပေးလေ့ရှိပြီး ချစ်ဖို့ကောင်းတဲ့ ခေါတ်နဲ့သစ်လေးကိုလည်း ပရိတ်သတ်တွေက သည်းသည်းလှုပ်ချစ်နေရပါတယ်။

ဖေဖေဖြစ်သူလင်းလင်း သူ့ရဲ့ ဝါသနာဖြစ်တဲ့ ဆိုင်ကယ် စီးရတာဘေယ်လောက်ကြိုက်ကြောင်းကိုစာချီဖွဲ့နွဲ့ထားပါသေးတယ်။လင်းလင်းကတော့ “မုန့်ကျွတ် လား ? ရွှေကျီး ကိုသိပ်ကြိုက်တာပေါ့,,မုန့်တီ လား ? ဒေါ်တော ပေါ့ဗျာ,,ဇီးပေါင်း လား ? ဟ မတ္တရာကမစီမာ ပေါ့ဟ,,ခိုတောင် လား ? အထမ်းသယ်ရောင်းတာ အားလုံးကြိုက်,,ပဲလမုန့် လား? ကြိုင်သင်း ကိုသိပ်ကြိုက်,,အုန်းထမင်း,ဒံပေါက်လား ? ကရဝိတ်ဆီသွား,,, နှမ်းမနဲ လား ? ဖားသားလဖုန်း နားမှာ ဒေါ်ရှိ ရှိတယ်လေ,,မြီးရှည် လား ? မကျီးရိပ် ကအာသာ အပြေဆုံး,,ဟာလီ ဆိုင်ကယ်ပေါ့ဗျာ,,စောရီး ခင်ဗျားဘယ်ဆိုင်ကယ်အကြိုက်ဆုံးလဲ မေးနေမှာစိုးလို့,,,ကိုယ့်သဘောနဲ့ကိုယ် အားလုံးကို ကြော်ငြာပေးသည်။ကြော်ငြာခအနေနဲ့ မုန့်ကျွေးကြမည်ဆိုပါကလဲ ဝမ်းသာလန်းဆန်းစွာ အတန်ငယ်စဉ်းစားပြီး လက်ခံပေးပါမည်။

သတိ – ဤပိုစ့်ကို အန္တာရာယ်များလို့ ဆိုင်ကယ်မစီးစေချင်တဲ့ခေတ်ခေတ်၊သစ်သစ် တို့ရဲ့အမေ မမြင်ပါစေနဲ့” ဆိုပြီး ခေတ်နဲ့သစ်တို့မေမေလစ်တုန်း အမိအရ ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကိုတင်ထားခဲ့ပါတယ်။လင်းလင်းကတော့ ခေတ်နဲ့သစ်တို့မေမေ တွေ့ရင်အဆူခံရတော့မယ်နော်။

Source_ Htwe lynn ko