ထိုင်းနိုင်ငံ ဖက်ဘူခရိုင် မြို့ ဝင်လမ်းမ တံတားမှာ စက်တင်ဘာလ၂၁ရက်နေ့ ညက လမ်းဘေးဓါတ်တိုင်ကို ၀င်တိုက်ခဲ့တဲ့ ကုန်တင်ကားကြီးတစ်စင်းပေါ်က လမ်းဘေးမှာ ထွက်ကျနေတဲ့ လက်ဖက်ခြောက်ထုတ်တွေ ဟာ မူးယစ်ဆေးတွေဆိုသွား သိသွားခဲ့ကြတာပါ။

ကားမောင်လာသူ (နာရာသီဝခရိုင်) တောင်ပိုင်းသား သားအဖနှစ်ဦး ကို ဆေးရုံပိုခဲ့ပြီး သန့် ရှင်းရေး လုပ်သားတွေ က လာရောက်ဆေးကြောလမ်းရှင်းတော့မှ ကားပေါ်မှာ တင်လာတဲ့ လက်ဖက်ခြောက်ထုတ်တွေဟာ ရာအိုင်းရေခဲ မူးယစ်ဆေးတွေ ဖြစ်နေတာ ရဲတပ်ဖွဲ့ ကို သတင်းပေးခဲ့လို့ရဲတွေက သိသွားခဲ့ပါတယ်။

တရားခံနှစ်ဦးဖြစ်တဲ့ Mr. Wilada Na Laoha ၀ီလဒ နလိုဟ အသက်၁၈ နှစ် နဲ့  အာဒီနမ် လိုဟ အသက် ၄၅နှစ်တို့ ကို ဖက်ဘူရီရဲတပ်ဖွဲ့ က သူတို့ ရှိရှာဆေးရုံမှာ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ဓါမြေသြဇာ အိပ်တွေနဲ့  ရောတင်လာတဲ့ ချင်းရိုင်ဒေသ မှဝင်ရောက်လာနေတဲ့ ရေခဲ မူးယစ်ဆေး ကီလို ၄၇၀ဟာ ကာလပေါက်ဈေးနဲ့ ဆိုရင် ဘတ်ငွေသန်းပေါင်း ၂၃၅ သန်း တန်ဘိုးရှိကြောင်း သိရပါတယ်။
SAW