
Hanna Yuri လေးကို ချစ်စနိုးနဲ့ အားလုံးက Riလေးလို့ ခေါ်ကြပါတယ်။ သူမကိုယ်တိုင်ကလဲ Ri ကလို့ အမြဲ သုံးနှုန်းတာကို တွေ့ရပါတယ်။

သူမဟာ Makeup Artist တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမ ပြင်ပေးတဲ့ မိတ်ကပ်တွေဟာ အရမ်းကို နာမည်ကြီးပါတယ်။ အရမ်းလဲ Professional ဆန်ပါတယ်။ လူလေးကလဲ လှ စိတ်ထားလေးကလဲ ကောင်းပြီး အသံလေးကလဲ ကပြားမလေးမို့ ဝဲဝဲလေးနဲ့ ချစ်ဖို့ အရမ်းကောင်းပါတယ်။ မနေ့က 9ရက်နေ့က သူမရဲ့ မွေးနေ့လေးပါ။

သူမရဲ့ ပရိတ်သတ် နဲ့ မိတ်ဆွေတွေက မွေးနေ့လက်ဆောင် တွေ ပေးနေတာကို သူမရဲ့ Facebook Myday မှာ တင်ထားတာ တွေ့ရပါတယ်။ အရမ်းကို ပျော်မြူးနေတဲ့ သူမဟာ တကယ်ကို ချစ်စရာကောင်းလွန်းပါတယ်။

သူမက “အပြင်သွားရင်း အမှတ်တရ ရိုက်ဖြစ်တဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ် ရှင်။ ပရိတ်သတ်ကြီးလဲဒီနေ့ စိတ်နှလုံး ပျော်ရွှင် အေးချမ်းကြပါစေ။ Ri ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်” ဆိုပြီး သူမရဲ့ Facebook မှာ မြန်မာဝတ်စုံလေးနဲ့ ရိုးရှင်းပြီး လှနေတဲ့ ပုံလေးတွေကို တင်ပေးထားပါတယ်။

ပုံလေးတွေ ကြည့်လိုက်ကြရအောင်။
Source; Hannayuri