
မင်းသမီးလေးဖြစ်တဲ့ ခြူးလေး တစ်ယောက်ဟာ ကျရာဇာတ်ရုပ်နဲ့ အပိုအလိုမရှိအံ့ဝင်ခွင်ကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ဘဲဖြစ်ပါတယ်။ပရိတ်သတ်အခိုင်အမာရရှိထားပြီးတဲ့ နောက်မှာတော့ ဇာတ်လမ်းတွဲတွေသာ မက ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်နိုင်နေပြီဘဲဖြစ်ပါတယ်။
သူမရဲ့ရုံတင်ပြသတော့မယ့်ဇာတ်ကားများရှိသလို လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားကြီးတွေလည်း ရှိပါတယ်။


ခြူးလေးဟာ အချစ်သစ်မရှာဘဲ တစ်ကိုယ်တည်း ပျော်ပျော်နေကာ အနုပညာ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီးအခုဆို အရင်ကထက်ပိုအောင်မြင်တဲ့ မင်းသမီးလေးဖြစ်နေပါပြီ။

ခြူးလေးဟာ ဒီနေ့မှာ သူမရဲ့ ပရိတ်သတ်တွေအတွက် ချစ်စရာကောင်းတဲ့ပုံလေးတွေကိုတင်ပေူထားပါတယ်” ဒီနေ့ သမာဓိ စိန်ရွှေရတနာ ဆိုင်သစ်ဖွင့်ပွဲ ဖဲကြိုးဖြတ် ပုံရိပ်လေးပါ ..” ခြူးလေးက အရင်ထက်ပိုနုပြီး ကလေးလေးလိုချစ်ဖို့ကောင်းနေတယ်နော်။ ပရိတ်သတ်တွေအတွက် ခြူးလေးရဲ့ ပုံလေးတွေကို ဖော်ပြလိုက်ပါတယ်။

Source _ chue chue