Cele News

“၁၀၁၄” မှ သူတော်စင်မလေး “အိုပန်လည်” အဖြစ် တွေ့ရမယ့် “မေမြင့်မိုရ်”

MRTV 4 ဇာတ်လမ်းတွဲ မင်းသမီးလေးလို့ စပြီး သိလာခဲ့ရတဲ့ ပရိတ်သတ် အချစ်တော် မင်းသမီးလေး “မေမြင့်မိုရ်” ကတော့ ဇာတ်ကားတွေ အများအပြား ရိုက်လာတာကို တွေ့ရပါတယ်။

သူမကို စသိခဲ့တုန်းက MRTV 4 ဇာတ်လမ်းတွဲရဲ့ “ပန်းနုသွေး” ကားနဲ့ စပြီး သတိထားမိလာခဲ့ရတာပါ။ သူမဟာ အရမ်းလဲ ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်လဲ အရမ်းကို တော်ပါတယ်။ သိပ်မကြာခင်ကမှ တင်ထားခဲ့တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားကြီးမှာလဲ မသန်စွမ်းတဲ့ မိန်းမငယ်လေး နေရာကနေ သရုပ်ဆောင်ထားပါတယ်။ တကယ်ကို တော်တဲ့ မင်းသမီးလေး တစ်ယောက်ပါ။

ခုဆိုရင်တော့ “၁၀၁၄” မှာ လောဘ၊ဒေါသ၊မောဟ၊မာန်​မာန၊အတ္တ တွေကြားက ငြိမ်းချမ်းခြင်း ဓမ္မကို လက်ကိုင်ပြုထားတဲ့ သူတော်စင်မလေး “အိုပန်လည်” အဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အရမ်းကို တော်တဲ့ သူမကတော့ ဇာတ်ကားကမ်းလှမ်းမှုတွေ ဆက်တိုက် ဖြစ်လာတာကို တွေ့ရပါတယ်။

“၁၀၁၄” မှာ သရုပ်ဆောင်တော့မယ့် “အိုပန်လည်” ရဲ့ ပုံတစ်ချို့ကို ကြည့်လိုက်ရအောင်နော်။

Source ;May Myint Mo

Leave a Reply

Your email address will not be published. Required fields are marked *