နွားကျောင်းသူ သီချင်းကို အောင်လကိုယ်တိုင်ရေးစပ်ခဲ့ပြီး ဇာတ်လမ်းကိုတော့ ကိုယ်တိုင် ပုံဖော်ပြောပြထားတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း – Myanmar Hot News
7th June 2023

နွားကျောင်းသူ သီချင်းကို အောင်လကိုယ်တိုင်ရေးစပ်ခဲ့ပြီး ဇာတ်လမ်းကိုတော့ ကိုယ်တိုင် ပုံဖော်ပြောပြထားတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

နွားကျောင်းသူ သီချင်းလေးကတော့ ဝိုင်းစုခိုင်သိန်းရဲ့ အရင်ရည်းစားဟောင်းအကြောင်းသီကုံးရေးစပ်ထားတာဖြစ်ပြီး သီချင်းရဲ့ ပတ်သက်တဲ့ အကြောင်းအရာကို သူမကရေးသားပြောပြခဲ့ပြီး ထိုဇာတ်လမ်းအပေါ်မူတည်ပြီး စာသားသီကုံးမှုကိုတော့ သီချင်းကောင်းစဉ်ကအစ စာသားအဆုံးသူကိုယ်တိုင် ရေးသားသီကုံးခဲ့တာပဲဖြစ်ပါတယ်။

အခုနောက်ပိုင်း သူမသီဆိုခဲ့တဲ့ သီချင်းတွေကိုတော့ သူမရဲ့ ချစ်သူဖြစ်တဲ့ အောင်လကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေပဲဖြစ်ပြီး သူမဇာတ်လမ်းလေးတွေပေးရင် အရင်ကတော့ ဘယ်သူ့အကြောင်းလဲ ဘယ်သူနဲ့ပတ်သက်လဲ မေးခဲ့ပေမယ့် အခုကတော့ ဇာတ်လမ်းပုံစံမျိုးပဲဖြစ်တာကြောင့် သိပ်ပြီးမမေးတော့ဘူး အောင်လကလဲ သီချင်းကို သီချင်းလို့ပဲ ခံစားတော့တယ် အာ့တာတွေပါ ရောထွေးပြီးစိတ်ပူနေလို့မရဘူလို့လဲ ပြောကြားထားပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ နွားကျောင်းသူ အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေမှာ The Radio Bar ၇န်ကုန်မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ထို သီချင်းခွေထဲမှာတော့ တေးသီချင်း ၁၂ပုဒ် ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၁၆ရက်နေ့မှာ စတင်ဖြန့်ချီသွားမှာပဲဖြစ်ပါတယ်။

Source ; MC

Leave a Reply

Your email address will not be published. Required fields are marked *