၅ပတ်မြှောက်အထိ ရုံတင်ပြနေရဆဲ ဖြစ်တဲ့ “အခမ်းနားဆုံး မေတ္တာ” – Myanmar Hot News
30th May 2023

၅ပတ်မြှောက်အထိ ရုံတင်ပြနေရဆဲ ဖြစ်တဲ့ “အခမ်းနားဆုံး မေတ္တာ”

အခမ်းနားဆုံး မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေတဲ့ အချိန်ကနေစပြီး ပရိသတ်တွေ အားပေးမှုကို အများဆုံးရရှိထားတဲ့ ဇာတ်ကားကြီးဖြစ်ပြီး နေနှစ်နေ ပါဝင်သရုပ်ဆောင်ထားပြီး မေတ္တာ တရားကိုဦးစားပေးဖော်ပြထားတဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် စိတ်ကူးယဉ်ဆန်တဲ့ ပရိသတ်တွေအတွက်အကြိုက်တွေ့စေတဲ့ဇာတ်ကားကြီးဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ နေတိုးနဲ့ သရုပ်ဆောင်သက်တမ်း နုသော်လည်း ရောက်ရှိလာတဲ့ အခွင့်အရေးမှန်သမျှကို အကောင်းဆုံး ချပြ လုပ်ဆောင်တက်တဲ့ နေခြည်ဦးတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ထိုဇာတ်ကားကြီးကတော့ မျှော်လင့်ထားတဲ့ အောင်မြင်မှုအတိုင်းအတာကိုကျော်လွန်ပြီး ၅ပတ်မြှောက်ရုံတင်ပြသစာရင်းထဲမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု သရုပ်ဆောင်တွေရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးလိုက်ဖက်အောင် သရုပ်ဆောင်ထားကြတာကြောင့် ထိုသို့အောင်မြင်မှုတွေကိုရရှိနေတာပဲဖြစ်ပါတယ်။မကြည့်ရသေးတဲ့ ပရိသတ်တွေလဲ ကြည့်ရှုခံစားနိုင်ဖို့အတွက် ရေးသားတင်ပြလိုက်ရပါတယ်။

Source ; 7th Sense Creation

Leave a Reply

Your email address will not be published. Required fields are marked *