
မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းလေးဟာဆိုရင် ကလေးသရုပ်ဆောင်ဘဝကနေ စပြီး ခု မင်းသမီး ဖြစ်တဲ့အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှိနေခဲ့ပါတယ်။ သူမဟာ ပညာရေးမှာလဲ ထူးချွန်သူတစ်ယောက်ပါ။ ဘာသာရေး၊ လူမူရေး ပွဲတွေမှာလဲ သူမကို အမြဲ တွေ့နေရပါတယ်။

နေပြည်တော်မှာရှိတဲ့ ထာဝရငြိမ်းချမ်းရေးစေတီတော် ထီးတော်တင်ပွဲကို နိုဝင်ဘာလ ၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထိုပွဲတော်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။ ဒီအထဲမှာ မင်းသမီးလေး ယွန်းယွန်းလဲ ပါဝင်ပါတယ်။

သူမဟာ အပြာရောင်ဝတ်စုံလေးကို သူမမေမေနဲ့ ဆင်တူ ဝတ်ဆင်ထားပါတယ်။ အရင်က ဆံနွယ်ရှည်ရှည် အမဲလေးကို ခုဆို နီညိုရောင်လေး ပြောင်းဆိုကာ နုပြီး အရမ်းကို လှနေပါတယ်။

သူမရဲ့ Facebook စာမျက်နှာမှာ အမေစုကို ကြည့်ပြီး ပုံလေးတစ်ချို့လဲ ရိုက်ခဲ့ပါတယ်။ မိသားစုနှင့်အတူ ဆရာတော် အရှင်စန္ဒာဓိက ကို ဒေါင်းနာရီ လှူနေပုံလေးကိုလဲ တင်ထားပါတယ်။ စိတ်ထားဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source; Yoon Yoon