
တန်ဆောင်တိုင်လရဲ့ လပြည့်ကျော် ၁ရက်နေ့ နိုင်ဝင်ဘာလ၁၂ရက်နေ့မှာတော့ သရုပ်ဆောင် အနုပညာရှင်လေးနေမင်းအနေနဲ့ စတုဒီသာအလှူလေးပြုလုပ်ခဲ့ပါတယ်။ထို့အလှူလေးမှာတော့ လာရောက်သုံးဆောင်သူများခဲ့တာကြောင့် ကျေနပ်ဝမ်းသာပီတိ ဖြစ်နေမိပြီး ပျော်ရွှင်အားရစေတဲ့ ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။


ထိုအလှူပွဲလေးကိုတော့ (၃၅)လမ်း၊အထက်ဘလောက်၊ရန်ကုန်မှာ နိုင်ဝင်ဘာလ၁၂ရက်နေ့မှ လှူဒါန်းခဲ့တာဖြစ်ပြီး အလှူအဒါန်းနဲ့ပက်သက်ရင် လက်မနှေးတဲ့ အနုပညာရှင်လေးဖြစ်တာကြောင့် ထိုအလှူပွဲကြီးအတွက်လဲ အကောင်းဆုံးပြင်ဆင်ပြီးလစ်ဟာမှုမရှိအောင်ပြင်ဆင်ပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

တန်ဆောင်တိုင်အလှူ ပွဲလေးအဖြစ် စတုဒီသာ လှူဒါန်းခဲ့တဲ့ နေမင်းကိုချစ်ကြတဲ့ ပရိတ်သတ်တွေကြည့်ရှုပြီး ၀မ်းသာကြည်နူး သာဓုခေါ်နိုင်ရန်အတွက် အလှူပုံရိပ်လေးအချို့ကို ကြည့်ရှုခံစားရင်း ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့သလို သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။

Source ; MC