ပုဂံမှာ မြန်မာမှုမပျက် ထိန်းသိမ်းထားတဲ့ ဝတ်စုံလေးနဲ့ Pre Wedding ရိုက်ခဲ့တဲ့ အလှမယ် အေးငြိမ်းဆွေ (အမရာငြိမ်း) တို့ စုံတွဲ – Myanmar Hot News
31st May 2023

ပုဂံမှာ မြန်မာမှုမပျက် ထိန်းသိမ်းထားတဲ့ ဝတ်စုံလေးနဲ့ Pre Wedding ရိုက်ခဲ့တဲ့ အလှမယ် အေးငြိမ်းဆွေ (အမရာငြိမ်း) တို့ စုံတွဲ

အလှမယ် အေးငြိမ်းဆွေတို့စုံတွဲဟာဆိုရင် လက်ရှိမှာ Pre Wedding ပုံလေးတွေကို ဥရောပမှာရော မြန်မာနိုင်ငံအနှံ့မှာပါ ရိုက်ကူးနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမတင်လိုက်တဲ့ ပုဂံ Pre Wedding ပုံလေးတွေက ပရိသတ်ကြားမှာ ရေပန်းစားနေပြန်ပါတယ်။

ဘာလို့လဲဆိုတော့ သူမရဲ့ Pre Wedding ပုံလေးတွေက တစ်ခြားသူတွေနဲ့မတူ တမူထူးခြားစွာ လှပနေလို့ပါပဲ။ မြန်မာမှုမပျက်ထိန်းသိမ်းထားတဲ့ ဝတ်စုံလေးနဲ့ ပုဂံဘုရားတွေရဲ့ ရှုခင်းလေးတွေကလည်း သူမတို့ရဲ့ Pre Wedding ပုံလေးတွေကို ပိုပြီး အားဖြည့်ပေးထားသလိုဖြစ်နေပါတယ်။

အေးငြိမ်းဆွေရဲ့ စိတ်ကူးအိပ်မက်က ပုဂံနဲ့ ပြင်သစ်က အိဖဲလ်တာဝါအောက်မှာ Pre Wedding ရိုက်ဖို့ပါတဲ့။ အခုတော့ သူမရဲ့ ချစ်လှစွာသောခင်ပွန်းဖြစ်သူက သူမရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ဖြည့်ဆည်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

အေးငြိမ်းဆွေက သူမရဲ့ ဖေ့ဘုတ်မှာ ” မြန်မာတွေတန်ဖိုးထားရတဲ့ မဟာပုဂံမှာ 💜Eiffel Tower အောက်မှာနဲ့ ပုဂံမြေမှာ pre wedding တွေ ရိုက်ချင်တာဆိုတဲ့ မိန်းမရဲ့စိတ်ကူးအိပ်မက် တစ်ခုချင်းစီတိုင်းကို မငြီးမငြူ မညိုမငြင် အကောင်အထည်ဖော်ပေးခဲ့လို့ ကျေးဇူးပါ ချစ်ရတဲ့ယောက်ကျား” လို့ ကျေးဇူးတင်ထားပါသေးတယ်။

အေးငြိမ်းဆွေရဲ့ ပုဂံအိပ်မက်လေးတွေကို အလှဆုံးရိုက်ကူးပုံဖော်ပေးခဲ့တဲ့ ဓါတ်ပုံပညာရှင်တွေကတော့ Love Diary ကပါတဲ့။ ကဲ သူတို့စုံတွဲရဲ့ နာမည်ကြီးနေတဲ့ ပုံလေးတွေကို ကြည့်ကြည့်လိုက်ကြပါဦး။

Source; Cele Star

Leave a Reply

Your email address will not be published. Required fields are marked *