မြန်မာအိုင်ဒေါ ပြိုင်ပွဲနဲ့ ပက်သတ်ပြီး ဆုတောင်းစကားတွေ ရေးကာ မီးပုံးပျံ လွှတ်ခဲ့တဲ့ အေးမြဖြူလေး – Myanmar Hot News
1st April 2023

မြန်မာအိုင်ဒေါ ပြိုင်ပွဲနဲ့ ပက်သတ်ပြီး ဆုတောင်းစကားတွေ ရေးကာ မီးပုံးပျံ လွှတ်ခဲ့တဲ့ အေးမြဖြူလေး

လက်ရှိအချိန်မှာ အကြိတ်အနယ် ယှဉ်ပြိုင်နေတဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲမှာ အနိုင်ရဖို့အထိ ရေပန်းစားနေသူတွေထဲက တစ်ယောက်ဖြစ်တဲ့ သူလေးကတော့ အေးမြဖြူလေးပါ။ Top 10 အထိလဲ ရောက်လာခဲ့ပြီမို့ ပိုပြီးတော့ ရင်ခုန်စရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ တကယ့်ကို အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေ ကျန်နေသေးတဲ့အထဲက အေးမြဖြူလဲ အပါအဝင် ဖြစ်ပါတယ်။

အေးမြဖြူဟာ အနုပညာ အရည်အချင်း မသေးလှတဲ့ သူတစ်ယောက်ပါ။ ကလေးဘဝတုန်းက သရုပ်ဆောင် ပီပြင်တဲ့ သူတစ်ယောက် ဖြစ်ခဲ့သလို အဆိုပိုင်းမှာလဲ မြန်မာသံစဉ်အပြင် ခေတ်ပေါ်တေးဂီတတွေပါ ပိုင်နိုင်စွာ သီဆိုနိုင်သူတစ်ယောက်ပါ။ တန်ဆောင်မုန်းလပြည့်ညမှာတော့ အေးမြဖြူတစ်ယောက် ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားချင်တဲ့ ဆုတောင်းလေးကို ရေးသားပြီးတော့ မီးပုံးပျံ လွှတ်ခဲ့ပါတယ်။

ဒီအကြောင်းလေးကို သူမရဲ့ Facebookစာမျက်နှာမှာ ပြန်လည်ပြီး မျှဝေပေးခဲ့ပါတယ်။ မြန်မာအိုင်ဒေါ ပြိုင်ပွဲနဲ့ ပက်သတ်ရင် အားလုံးက အရည်အချင်း ရှိကြလို့ အကြိတ်အနယ် ကို ယှဉ်ပြိုင်နေရတဲ့ ပွဲတစ်ခုပါပဲ။ အေးမြဖြူလေးလဲ ဒီနေ့ည ပြိုင်ပွဲမှာ အခက်အခဲမရှိ ယှဉ်ပြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်။

Source; Aye Mya Phyu

Leave a Reply

Your email address will not be published. Required fields are marked *