မွေးနေ့အလှူအဖြစ် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ နှင်းနွေလေး – Myanmar Hot News
2nd June 2023

မွေးနေ့အလှူအဖြစ် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ နှင်းနွေလေး

နှင်းနွေလေး သို့မဟုတ် အခြည်လေးလို့ ပရိတ်သတ်တွေ ချစ်စနိုး ခေါ်နေကြတဲ့ မင်းသမီးချောလေးကတော့ နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ အပြုံးလှလှလေးတွေ၊ ဆံနွယ်ရှည်ရှည်လေး တွေနဲ့ လှနေတဲ့ အခြည်လေးကတော့ သရုပ်ဆောင်ကောင်းသူလေးတစ်ယောက် ဖြစ်ပါတယ်။ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာ စတင် ပါဝင်လာခဲ့ပြီး “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင် မင်းသမီး အနေနဲ့ ပါဝင်သရုပ်ဆောင်ပါတယ်။

မျက်နှာသစ်သရုပ်ဆောင် ကြယ်ပွင့်တွေအထဲမှာ သရုပ်ဆောင် ပီပြင် ကောင်းမွန်တယ်ဆိုပြီး မှတ်ချက်ပေးခံထားရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ကောင်းတဲ့ အခြည်လေးကို ပရိတ်သတ်တွေက နောက်ထပ် အသစ်ထွက်လာမယ့် ဇာတ်လမ်းတွဲတွေကို စောင့်မျှော်နေကြပါတယ်။

နိုဝင်ဘာလ (၁၃)ရက်နေ့ကတော့ အခြည်လေးရဲ့ မွေးနေ့ ဖြစ်တယ်ဆိုတာ ပရိတ်သတ်တွေ သိကြမှာပါ။ မွေးနေ့မှာတော့ အခြည်လေးက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ်တွင် သံဃာတော်အပါး (၂၈၀)ကို အာရုံဆွမ်းနဲ့ နေ့စွမ်းတွေ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

အခြည်လေးကို ချစ်တဲ့ ပရိတ်သတ်တွေအပြင်၊ ဆရာသမား၊ မိတ်ဆွေ၊ အပေါင်းအသင်း အားလုံးကို သူမရဲ့ Facebookစာမျက်နှာမှာ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး လူမူရေးသိတတ်တဲ့ အခြည်လေး ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်။

Source; Nay Chi Shoon Lak

Leave a Reply

Your email address will not be published. Required fields are marked *