
ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ မီးမီးခဲကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတောအတွင်းမှာ အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းကွာခဲ့ပြီး သြစတေးလျနိုင်ငံမှာ မိသားစုနဲ့အတူတူ နေထိုင်ကာ သူမရဲ့ ဆိုးရွားလှတဲ့ ကင်ဆာရောဂါဝေဒနာတွေကို ခံစားခဲ့ရပြီး စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆေးကုသမှုခံယူနေတာကြောင့် လက်ရှိအချိန်မှာတော့ သူမခံစားနေရတဲ့ ရောဂါဝေဒနာကတော့ ပျောက်လုနီပါးပြန်လည်ကောင်းမွန်နေပြီပဲဖြစ်ပါတယ်။


လာမယ့်ဒီဇင်ဘာလမှာတော့ အဆိုတော် မီးမီးခဲဟာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး သူဝါသနာပွတဲ့ သီချင်းတွေကို ဖျော် ဖြေချင်တာကြောင့် ဖိတ်ခေးကြဖီု့တောင်းဆိုလိုက်ပါတယ်။မီးမီးခဲကတော့ Show ပွဲတွေကိုလဲ သီဆိုဖျော်ဖြေချင်ပြီး အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာကြောင့် ပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံ ဖော်ဖြေဖို့ကိုလဲ ရင်ခုန်စွာစောင့်ဆိုင်းနေကြောင်းနဲ့ ချစ်ရတဲ့ ပရိသတ်တွေဖုန်းဆက်ရင်လဲ ပြန်လည်ဖြေကြားပေးမှာဖြစ်ကြောင်း သီရှိရပါတယ်။

သူမရဲ့ လူမှုကွန်ရက်ပေါ်မှာတော့ ” December မှာမြန်မာပြည်မှာရှိနေမှာမို့ ကျွန်မသီချင်းလဲ ဆိုချင်ပါတယ်၆ နှစ်ရှိခဲ့ပါ့ပီ ကျန်းမာရေးကြောင့် သီချင်းမဆိုနိုင်ခဲ့တာ ဒီတခါတော့ပြန်ရောက်တုန်း ဆိုမယ်လေနော်..နီးစပ်ရာ အမျိုး နဲ့ မိတ်ဆွေများ ကျွန်မ ကို ခေါ်ဖိတ် လို့ ရပါတယ်နော်.Show တွေလဲရင်ခုန်စွာနဲ့ ဆိုချင်လို့ ဆက်သွယ်နိုင်ကြောင်းသတင်းကောင်းပါးရင်းကိုယ်လဲပျော်နေပါကြောင်း ” လို့ဖော်ပြရေးသားခဲ့ပါတယ်။

Source ; The Real Mee Mee Khel