
ကိုရီးယားမလေးလို ချစ်စရာကောင်းတဲ့ နန်းစုလေးကတော့ အရုပ်မမျက်နှာလေးနဲ့ နှာတံချွန်ချွန်လေးကြောင့် ပရိတ်သတ်တွေရဲ့ ရင်ထဲကို စိုးမိုးထားသူ တစ်ယောက်ပါ။ ဖက်ရှင်ဆန်းဆန်းလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အရုပ်မလေးလို လှနေတဲ့ သူမကတော့ သူမရဲ့ Facebookမှာ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲ တင်ပေးလေ့ ရှိပါတယ်။

ခုရက်ပိုင်းအတွင်းမှာလဲ နန်းစုဟာ တောင်ငူမြို့က ပရိတ်သတ်တွေကို သွားရောက် ဖျော်ဖြေခဲ့တဲ့အကြောင်းကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ပြထားခဲ့ပါတယ်။ မကြာသေးမီကမှ ထွက်ရှိထားတဲ့ “ကမ်းမဲ့လှေ” အပါအဝင် တခြား သီချင်းကောင်းတွေကို ဖျော်ဖြေပေးခဲ့ပါတယ်။

ပရိတ်သတ်တွေနဲ့ အပြတ်ကဲခဲ့ပေမယ့်လည်း နန်းစုလေးကတော့ နေမကောင်းတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ Cmt ထဲမှာ “သုံးရက်ဆက်တိုက် အိပ်မပျော်ပဲ ခေါင်းတွေ မတရားကိုက် ခရီးရောက်မဆိုက် ဖျော်ဖြေရတဲ့ ပွဲမို့ အဆင်ပြေပမလားလို့ စိတ်ပူနေခဲ့တာ လက်ကျန်အားလေးနဲ့ အားတင်းပြီး စင်ပေါ် တက်ခဲ့တာ ချစ်သော ပရိတ်သတ် က ချစ်ပေးတဲ့ အချစ်တွေကြောင့် နောက်ဆုံးအချိန်ထိ အားတွေဖြစ် ပျော်ရွှင်ခဲ့ရပါတယ် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း အမောပြေခဲ့ရပါတယ်” ဆိုပြီးတော့ ရေးသားထားပါတယ်။

အရမ်းပင်ပန်းပေမယ့် ပရိတ်သတ်ကြီးကို ချစ်ပြီး ဖျော်ဖြေပေးခဲ့တဲ့ နန်းစုလေးကို အမြဲအားပေးနေကြမယ်နော်။

Source; Nansu Yati Soe