“(၁၈) နှစ်ကြာ ကွဲနေတဲ့ မောင်နှမနှစ်ယောက် ပြန်တွေ့”လို့် ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင် – Myanmar Hot News
31st May 2023

“(၁၈) နှစ်ကြာ ကွဲနေတဲ့ မောင်နှမနှစ်ယောက် ပြန်တွေ့”လို့် ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

နိုင်ငံကျော်အဆိုတော်မင်းသားတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိ ချောက်မြို့မှာ “ကောင်းကင်မရှိတဲ့ကြယ်” ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ဇာတ်ကားကောင်းများရိုက်ကူးပုံဖော်နေတဲ့ 7th Sense Creation မှထုတ်လုပ်တာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ ဒီဇာတ်ကားမှာဆိုရင် နိုင်ငံခြားမှသရုပ်ဆောင်များစွာနဲ့ အတတ်ပညာရှင်များစွာ ပါဝင်လာတာကိုတွေ့ရမှာပါ။

သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊အေးမြတ်သူ၊ မိုးစက်ဝိုင်၊နွယ်ဒါလီထွန်း တို့အပြင် ထိုင်းနိုင်ငံကသရုပ်ဆောင်များဖြစ်တဲ့ Ken Phuphoom Pongpanu၊ Korn Kang ၊ Smile Parada၊ ဂျပန်နိုင်ငံမှမင်းသမီး Takei Emi တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာသြရသနဲ့အတူ နိုင်ငံခြားမှအတတ်ပညာရှင်ပေါင်းများစွာက ပါဝင်ရိုက်ကူးသွားကြမှာဆိုတော့ ဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာ အမှန်ပါပဲနော်။

ဒီဇာတ်ကားလေးမှာ အခြားနာမည်ကြီးသရုပ်ဆောင်များစွာလည်းပါဝင်ပြီး မျိုးသန္တာထွန်းလည်းအပါအဝင်ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ချစ်ရတဲ့အစ်မကြီးနဲ့ (၁၈)နှစ်ကြာမှ ဒုတိယအကြိမ်ပြန်လည်ဆုံတွေ့ဖြစ်တဲ့အကြောင်းကို “၁၈နှစ်ကြာကွဲကွာနေတဲ့မောင်နှမနှစ်ယောက်…ကျွန်တော်ပထမဆုံး video စရိုက်ဖူးတာ ဦးကျော်ဟိန်းနဲ့ နိုင်းနိုင်းနဲ့ ကျွန်တော်နဲ့ မမျိုးနဲ့က မောင်နှမ…စနိုးဝှိုက်ကရိုက်တဲ့ကား ဂျပန်ခေတ်နောက်ခံနဲ့ ပြသခွင့်မရခဲ့ဘူး..အကြာကြီးပဲ..နောက်မှပြန်ပြီးခွင့်ပြုချက်ရ (၁၀)နှစ်လောက်ကြာမှထွက်တယ်..အဲ့တုန်းက ပုပ္ပါးမှာအိပ်ပြီးရိုက်တာ..အခုတော့ ချောက်မှာပေါ့..အခုလည်း ဂျပန်ခေတ်နောက်ခံ (၁၉၄၅)ခုနှစ်” ဆိုပြီးရေးသားခဲ့ပါတယ်။

မောင်နှမနှစ်ယောက်ပျော်ရွှင်စွာရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source; Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *