
ရွှေမှုန်ရတီလေးကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကိုလက်ဝယ်သိမ်းပိုက်ထားပြီး သာယာလှပကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ထူထောင်ထားနိုင်တဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ပရိသတ်တွေကလဲ သူမကိုချစ်စနိုးအနေနဲ့ အချေမင်းသမီးလေးလို့လဲ ခေါ်ဝေါ်ကြပါတယ်။အနုပညာလုပ်ငန်းတွေကိုတော့ အခုလက်ရှိမှာတော့ အများကြီး ပြုလုပ်လာတာ မတွေ့ရတော့ပဲ အနုပညာခြေလှမ်းကျဲ လာတယ်ဆိုရပေမယ့်လဲ ပရိသတ်တွေ ချစ်ခင်နေဆဲပဲဖြစ်ပါတယ်။


ရွှေမှုန်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ် ဇာတ်ကားကြီးကတော့ ဟာသဇာတ်ကားကြီးဖြစ်ပြီး အကောင်းဆုံးကြိုးစားထားတာကို ထိုကားကြီးထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ရင့်ကျက်တည်ငြိမ်တဲ့ အရွယ်ကို ရောက်ရှိလာတာဖြစ်တာကြောင့် စကားပြောအေးဆေးလာတာကိုတွေ့မြင်ရမှာပါ။

သရုပ်ဆောင် ရွှေမှုန်လေးရဲ့ အသက်ကတော့ နောက်၅လနေရင် အသက် ၂၂ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ အသက်တစ်နှစ်ကြီးပြီး ပရိသတ်တွေ သတိမပြုမိတဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်။မကြာသေးခင်ကပဲ သူမရဲ့ အိမ်ထာင်သက်တမ်းကလဲ ၁နှစ်ပြည့်ထားတာဖြစ်ပြီး အရမ်းကိုချစ်ကြတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။

Source ; Cele ရပ်ကွက်