
နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို မြို့ပရိသတ်တွေကသာမက နယ်ပရိသတ်တွေကပါ အားပေးချစ်ခင်ကြပါတယ်။ မြင့်မြတ်က အခုလက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။

မြင့်မြတ်က လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးနဲ့အတူတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကို မြတ်သူလို့ နာမည်ပေးထားပြီး မြတ်သူလေးက အခုဆိုရင် (၁) နှစ်ကျော် အရွယ်ကို ရောက်နေပြီပဲဖြစ်ပါတယ်။

မြင့်မြတ်က သူ့ရဲ့ မန်နေဂျာဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို ဇနီးဖြစ်သူ မခင်သူအောင်နဲ့အတူတူ တက်ရောက်ခဲ့ပြီး မင်္ဂလာပန်းကုံးစွပ် ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ လက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လက်မလည်အောင် ရိုက်ကူးနေပြီး သူ့ရဲ့ မိသားစုလေးကိုလည်း အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က အနောက်တိုင်းဝတ်စုံလေးဝတ်ပြီး အရမ်းကို စမတ်ကျနေတာပဲနော်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

Source; မြင့်မြတ်’ Fb Page