
ရာစုနှစ်များစွာအောင်မြင်ကျော်ကြားခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေ လက်ခံအားပေးနေဆဲဖြစ်တဲ့ ဂရေဟမ်ကတော့ သာယာလှပပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်လဲ ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အိမ်ထောင်သက်တမ်း ၂၆နှစ်ပြည့်လေးကတော့ နိုဝင်ဘာလ ၁၄ရက်နေ့မှာ ကျရောက်ခဲ့တာပဲဖြစ်ပါတယ်။


မိသားစုကို နွေးနွေးထွေးထွေ အလေးပေးဆက်ဆံတက်ပြီး ချစ်ခင်မှုတွေအပြည့်အ၀ထားရှိပေးတာကြောင့် ပရိသတ်တွေကပါချစ်ခင်အားကျရတဲ့ အနုပညာရှင်မိသားစုလေးဖြစ်ပါတယ်။ဇနီဖြစ်သူကိုလဲ အလေးထားတာကြောင့် စံပြထားသူတစ်ဦးအနေနဲ့တောင် ထားရှိလို့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့်လဲ အများမြင်အောင်ထုတ်ဖော်ပြသတာမျိုးမရှိတာကြောင့် ပရိသတ်အချို့ သတိမထားမိတာပဲဖြစ်ပါတယ်။

ဂရေဟမ်ရဲ့ ချစ်ဖို့ကောင်းတဲ့ သမီးကြီး ပန်းရောင်ခြယ်လေးကတော့ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတော့ ” Happy 26th Anniversary Mummy and Daddy ” လို့ရေးသားထားပါတယ်။ဒီလိုချစ်ဖို့ကောင်းတဲ့ မိသားစုအိမ်ထောင်ရေးလေးလဲ နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Source; Pun Yaung Chel