အနှစ် (၃၀)ကျော် ဆရာမလုပ်ခဲ့တဲ့ ဖြူဖြူ မေမေရဲ့ Mood ယူပြီး မြန်မာဝန်စုံလေးကို ဖန်တီးဝတ်ဆင်ခဲ့တဲ့ ဖြူဖြူကျော်သိန်း – Myanmar Hot News
31st March 2023

အနှစ် (၃၀)ကျော် ဆရာမလုပ်ခဲ့တဲ့ ဖြူဖြူ မေမေရဲ့ Mood ယူပြီး မြန်မာဝန်စုံလေးကို ဖန်တီးဝတ်ဆင်ခဲ့တဲ့ ဖြူဖြူကျော်သိန်း

Myanmar Idol ရဲ့ ဒိုင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်ဖြင့် လက်ရှိမှာလုပ်ဆောင်နေတာဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ တစ်နေ့တစ်ခြား ဝတ်စားဆင်ယင်မှုတွေကို ပရိသတ်တွေဆီ ချပြတဲ့အခါမှာတော့ မတူညီဘဲအမြင်ဆန်းမယ့် ဖက်ရှင်တွေကိုသာ တီထွင်ဆန်းသစ်ပြသလေ့ရှိတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ အနုပညာရှင်ပီပီ ဆန်းသစ်တီထွင်မှုတွေနဲ့အတူတူ စေ့စပ်သေချာစွာလုပ်ဆောင်လေ့ ရှိတဲ့သူလေးဖြစ်ပြီး အခုအခါမှာတော့ မြန်မာဝတ်စုံလေးနဲ့ ပုသိမ်ထီးလေးကိုတွဲဖက်ဝတ်ဆင်ပြီး ဝတ်စုံမှာဆိုရင်လဲ လစ်ဟာမှုမရှိပဲ ပြီးပြည့်စုံနေတာလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဝတ်စုံမှာတွဲဖက် ဝတ်ဆင်ထားတဲ့ အရာတွေကလဲ အဓိပ္ပာယ်တွေအပြည့်နဲ့ ဖြည့်စွက်ထားခြင်းဖြစ်ပါသည်။

ဖြူဖြူ ဝတ်ဆင်ထားတဲ့ မြန်မာဝတ်စုံလေးကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာအနှစ်(၃၀)ကျော်ဆရာမလုပ်ခဲ့တဲ့ဖြူဖြူ့မေမေရဲ့ mood ကို inspire ယူခဲ့ပြီး ဖက်ရှင်ကိုတော့မြန်မာ့ရုပ်ရှင်လောကထဲကနေ Hollywood ကိုပထမဆုံးခြေဆန့်နိုင်ခဲ့တဲ့မင်းသမီးကြီးဝင်းမင်းသန်းဆီကနေ inspire ယူပြီး ပေါင်းစပ်ဖန်တီထားတာဖြစ်တယ်လို့ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့ပါတယ်။

photo Source ; Phyuphyukyawthein

Leave a Reply

Your email address will not be published. Required fields are marked *