
ခန္ဓာကိုယ်အမိုက်စားနဲ့ ယောင်္ကျားလေးပရိသတ်ကော မိန်းကလေးပရိသတ်တွေပါနှစ်သက်သဘောကျတဲ့ သရုပ်ဆောင် ထူးအောင်ကတော့ ဒီဇင်ဘာလမှာရိုက်ကူးမယ့်ရုပ်ရှင်ကားအတွက် လက်ရှိခန္ဓာကိုယ်အနေအထားကနေ သူပါဝင်သရုပ်ဆောင်မယ့်ကာရိုက်တာနဲ့လိုက်ဖက်အောင် ဝိတ်ချနေရတာပဲဖြစ်ပါတယ်။

အနုပညာနဲ့ပက်သက်လာရင်ကျရာဇာတ်ရုပ်မှာအကောင်းဆုံးသရုပ်ဆောင်ချပြနိုင်တဲ့ သူ့အနေနဲ့ကတော့ အခုရုပ်ရှင်ကားအတွက်လဲ အံဝင်ဂွင်ကျဖြစ်အောင် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ပြင်ဆင်းမှုအပိုင်းမှာတော့ ကျမ်းမာရေးလဲမထိခိုက်အောင် ခန္ဓာကိုယ်လဲလိုချင်တဲ့အခြေအနေရောက်အောင် ကြိုးစားပြီးလျော့ချနေတာပဲဖြစ်ပါတယ်။


ထူးအောင်ပါဝင်သရုပ်ဇောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ သူရရှိထားတဲ့ဇာတ်ကောင်နဲ့လိုက်ဖက်အောင်ပြင်ဆင်ပြီး သရုပ်ဆောင်နိုင်ခဒ့တာကြောင့် ထိုကားကြီးထဲမှာဆိုရင်တော့ ပရိသတ်တွေ အလွန်ကိုသဘောကျခဲ့ကြပါတယ်။ဒီဇင်ဘာလမှာရိုက်ကူမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလဲ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့တွေ့မြင်ရမလဲဆိုတာကတော့ စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။

Source ;MC