28th October 2020

တောင်ကိုရီးယားမှာ ပြုလုပ်နေတဲ့ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ “မီ” ရုပ်ရှင်

ဒါရိုက်တာဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Week 2019 ပွဲကြီးမှာ ၂ရက်တိုင်တိုင် ပြသသွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်မယ့် “2019 ASEAN Film Week Busan Guest Release” ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒါရိုက်တာဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပါဝင်ပြသခွင့်ရတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာဏကြီးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာဏကြီးရဲ့ ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ြဖိုးသုက ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

“Bon Voyage ဦးရေခဲ ❤ ဒီနေ့ သူရဲ့ ရုပ်ရှင် Busan ASEAN Film Week မှာ ပါခွင့်ရလို့ သူ ကိုရီးယားကို သွားရတဲ့နေ့ မြန်မာဒါရိုက်တာ တစ်ယောက်အနေနဲ့ သူ့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားကြီးကို Busan ASEAN Film Week လိုမျိုးမှာ ပါဝင်ခွင့်ရတာ သူ ဂုဏ်ယူရှာမှာပေါ့။ အဲ့ဒါကို မနေ့က “Congratulations Boo Bear” ဆိုပြီး Post တင်ထားခဲ့ပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယားရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၇ခုနှစ် အကုန် ၂၀၁၈ခုနှစ် အစမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီး ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားထဲမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ အောင်ရဲထိုက်နဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ အရမ်းကို အောင်မြင်တဲ့ ရုပ်ရှင်ကားကောင်းကြီးပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကတော့ တနေ့တခြား အောင်မြင်မှုတွေ ပိုတိုးလို့လာတာကို ပရိတ်သတ်ကြီးလဲ တွေ့ရမှာပါ။ ၂ယောက်လုံး ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်။

Source; Paing Phyo Thu

Leave a Reply

Your email address will not be published. Required fields are marked *