
ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမ ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပညာရေးသံတမန်နဲ့ ကျန်းမာရေးသံတမန်စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။


ချစ်သုဝေက ကလေးမွေးပြီးတဲ့နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို အရင်လောက် မရိုက်ကူးပေမယ့် ကြော်ငြာနဲ့ ပွဲတက်တွေကိုတော့ လက်ခံ ရိုက်ကူး၊ တက်ရောက်ပေးနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃) ရက်နေ့က ချစ်သုဝေက Lifebuoy ဆပ်ပြာရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့ပါတယ်။
ချစ်သုဝေက အစိမ်းရောင်ဝတ်စုံလေးနဲ့ ဂျပန်အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။

ပွဲအခမ်းအနားနဲ့ လိုက်ဖက်ပြီး လုံခြုံလှပတဲ့ ဝတ်စားဆင်ယင်မှုတွေကိုသာ ဆင်မြန်းတဲ့ ချစ်သုဝေကို ပရိသတ်တွေကလည်း သဘောကျ အားပေးကြပါတယ်။
သူမရဲ့ Facebook မှာ တင်ထားတဲ့ ပုံလေးတွေကို ကြည့်လိုက်ရအောင်။

Source; Chit Thu Wai