
သရုပ်ဆောင်လုပ်ငန်းဘက်မှာ ဇာတ်ပို့နေရာကနေ ဇာတ်ကောင်တွေကိုအကောင်းဆုံးဇာတ်ရုပ်တွေဆီသို့ အရောက်ပို့ပေးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ ပွင့်နဲ့ ယွန်းရွှေရည်တို့ကတော့ အနုပညာအလုပ်တွေအားလပ်နေတဲ့အချိန်မှာတော့ online shopping ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေဖြစ်တာကြောင့် တခြားလုပ်ငန်းရှင်တွေဆီမှာသွားရောက်လုပ်ကိုင်ရတာမလွယ်ကူတြာဖစ်ပြီး အရင်းနည်းနည်းနဲ့ အားလပ်ချိန်လေးကို အကျိုးရှိအောင် ပြုလုပ်တဲ့အနေနဲ့ လုပ်ကိုင်ဖြစ်ကြောင်းသိရပါတယ်။


ယွန်းရွှေရည်ကတော့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး online shopping ပြုလုပ်နေတာဖြစ်ပြီး ခန္ဓာအကိုယ်အချိုးအစားကလဲ ကြည့်ကောင်းသူမို့အဆင်ပြေကာ တစ်ဖက်တလှမ်းကငွေဝင်နည်းလမ်းဆိုတော့ လုပ် တွေမရှိတဲ့အချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောပြခဲ့ပါတယ်။

ပွင့်ကတော့ ယွန်းရွှေရည်က ခန္ဓာကိုယ်ကလှတော့အဝတ်အစားတွေကိုအဓိက ရောင်းတယ်ပေါ့လေ ကိုယ်ကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ကျတော့အစားသောက်တွေရောင်းတယ်။သူတောင်စားကောင်းလို့ ဒီလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်လို့ထင်နိုင်တယ်လို့လေ ဆိုပြီးရောမောစွာပြောပြခဲ့ပါတယ်။

Source ;MC