ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတဲ့ နန်းစုဦး – Myanmar Hot News
30th May 2023

ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတဲ့ နန်းစုဦး

ဗီဒိုယိုဇာတ်ကားခေတ်မှစပြီး ယနေ့ထိတိုင်အောင် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေနဲ့ အနုပညာလောကမှာ ရပ်တည်နိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစုဦးပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေအပေါ် ဝါသနာကို အရင်းခံကာ လုပ်ကိုင်နေတဲ့ မင်းသမီး တစ်လက်ပါ။ ပရိတ်သတ်တွေကလည်း သူမရဲ့ ဖြစ်ချင်တဲ့ စိတ်ထားလေးကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်ခင်လာကြပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာပါ။ သူမရဲ့ အနုပညာအလုပ်တွေကိုလည်း လူမူကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်တွေဆီကို အမြဲ မျှဝေပေးလေ့ ရှိပါတယ်။ ခုတလောကတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကို ရေးသားတင်ပြထားခဲ့ပါတယ်။

” Been sick this whole month… November has to be my least fave month this year ” ဆိုပီး ရေးသားထားပါတယ်။ သူမဟာ ကျန်းမာရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူနေရပါတယ်။ နေမြန်မြန်ကောင်းပါစေ မင်းသမီးလေးရေ။

Source; Nan Su Oo

Leave a Reply

Your email address will not be published. Required fields are marked *